mdn

ရန်ကုန် ဇူလိုင် ၂၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ယနေ့နံနက် ၈ နာရီက အင်းလျားကန်ဘောင် ပြည်လမ်း ဘယ်ဘက်ခြမ်းတွင် ကွန်ကရစ် ရေနှုတ်မြောင်းရေစီးရေလာ ကောင်းမွန်မှု၊ ကန်ဘောင်ပေါ်နှင့် ကန်ဘောင်အောက်ခြေ လူသွားလမ်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့တော်ဝန်က ကွန်ကရိ ရေနှုတ်မြောင်းအတွင်းရှိ သဲ၊ နုံး များဆယ်ယူ၍ သစ်ပင်ပန်းမန်များ ခြေရင်းပြန်လည် အစားကျွေး ထားရှိရေးနှင့် မြောင်းအတွင်း ကပ်ညိ ပေါက်ရောက်နေသည့် အပင်များ ရှင်းလင်းပြီး အားကစား ပစ္စည်းများကြံ့ခိုင်မှု ရှိနေစေရန် အစဉ်တစိုက်ဆောင်ရွက် သွားရေး၊ ဝန်ထမ်းများကျန်းမာရေးကို အထူးဂရုစိုက် ဆောင်ရွက် သွားရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

 (သတင်းစဉ်)