အင်္ဂလန်နိုင်ငံ နဲ့ စကော့တလန်မှာ အသွားအလာ ကန့်သတ်မှု ပြဋ္ဌာန်းထား

၅ ဇန်နဝါရီ

 

 

အင်္ဂလန်နိုင်ငံတွင် အသွားအလာ ကန့်သတ်မှု (lockdown) ပြဋ္ဌာန်းလိုက်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

 

လူဦးရေ ၅၆ သန်း နီးပါး နေထိုင်တဲ့ အင်္ဂလန်နိုင်ငံအား lockdown အမိန့်ကို ဇန်နဝါရီ ၆ ရက် (ဗုဒ္ဓဟူးနေ့) က စပြီး ဖေဖော်ဝါရီ လလယ်အထိ သီတင်း (၆) ပတ်ကြာ ချမှတ်ကြောင်း သိရပါတယ်။

 

 

စကော့တလန်ကလည်း အင်္ဂလန်နည်းတူ အသွားအလာ ကန့်သတ် (lockdown) အမိန့် ပြဋ္ဌာန်းကြောင်းနဲ့ အဲဒီအမိန့်ဟာ ဇန်နဝါရီ ၅ ရက်နေ့ကစပြီး လကုန်အထိ သတ်မှတ်ကြောင်း စကော့တလန် ဝန်ကြီးချုပ်က တနင်္လာနေ့ အစောပိုင်းမှာ ကြေညာလိုက်ပါတယ်။

 

 

ဗြိတိန်ဝန်ကြီးချုပ်က အိမ်မှာပဲနေရန် အမိန့်ထုတ်ရတော့မှာဖြစ်ကြောင်း၊ အဲဒီအမိန့်ထုတ်ပြန်ရတာ ကလည်း ကျန်းမာရေး စောင့်ရှောက်ရေးစနစ် (NHS)အား ကာကွယ်ရန်အတွက်  ထုတ်ပြန်ရတာဖြစ် ကြောင်း ရုပ်မြင်သံကြားကနေ ပြောကြားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူတွေထဲက ဆေးရုံမှာ ကုသခံယူနေသူ ၂၇,၀၀၀ နီးပါး ရှိနေကြောင်း၊ အဲဒီပမာဏဟာ ပြီးခဲ့တဲ့ ဧပြီလက ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံး အချိန်က ထက် ၄၀ ရာခိုင်နှုန်း များနေကြောင်း ဝန်ကြီးချူပ် ဂျွန်ဆင်က ထည့်သွင်း ပြောကြားပါတယ်။

 

 

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသ ၈၀,၀၀၀ ကျော်အထိ ရှိကြောင်း၊ အဲဒီအခြေနေကို ထိန်းချုပ်ရန် တစ်စုံတစ်ခု လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး စတင်ထိုးနှံနေချိန်မှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး အသစ်ကြောင့် ကူးစက်ခံရသူ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

 

 

ဒီဇင်ဘာ ၄ ရက်နေ့မှာ ၂၄ နာရီအတွင်း ပိုးကူးစက်ခံရသူ ၅၈,၇၈၄ ဦး ရှိပြီး သေဆုံးသူ ၄၀၇ ဦးကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံ တစ်နိုင်ငံလုံးမှာ ပိုးတွေ့သူ စုစုပေါင်း ၂,၇၁၃,၅၆၃ ဦးနဲ့ သေဆုံးသူ ၇၅,၄၃၁ ဦး ရှိနေပြီဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP