အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်နိုင်မည့် စက်ရုပ်အာကာသယာဉ် နာဆာလွှတ်တင်မည်

လော့စ်အိန်ဂျလိ ၃၀ မတ်

အမေရိကန် အာကာသအေဂျင်စီ နာဆာဟာ  အင်္ဂါဂြိုဟ်ပေါ်မှာ ကျောက်တုံး အပိုင်းအစတွေ တွေ့ရှိပြီးနောက်ပိုင်း စက်ရုပ်အာကာယာဉ်ကို ဂြိုဟ်ပေါ် ဆင်းသက်နိုင်ဖို့ လေ့လာမှုတွေ လုပ်ဆောင်နေကြောင်း သိရိပါတယ်။ 

 

နာဆာရဲ့ တရားဝင် ပြောကြားချက်အရ အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်မယ့် စက်ရုပ်အာကာသယာဉ်ကို မေလ ၅ ရက်နေ့မှာ လွှတ်တင်ပြီး နိုဝင်ဘာလလောက်မှာ ဂြိုဟ်ပေါ် ဆင်းသက်နိုင်လိမ့်မယ်လို့ သိရပါတယ်။  အဆိုပါ အာကာသယာဉ်ပေါ်မှာ မီးတောင်လှုပ်ရှားမှုနဲ့ ပြင်းထန်တဲ့ အပူချိန် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် ဂြိုဟ်မျက်နှာပြင်အခြေအနေကို တိုင်းတာမယ့် seismometer ကို တပ်ဆင်ထားပြီး  မြေအောက် အပူချိန်ကို အာရုံခံတိုင်းတာဖို့ အနက် ငါးမီတာထိ တူးဖော်ဆင်းသက်နိုင်ကြောင်း သိရပါတယ်။

 

သုတေသနပညာရှင်တွေဟာ အင်္ဂါဂြိုဟ်ပေါ်က ကျောက်တုံးတွေနဲ့ အခြား မြေအောက် သယံဇာတများကြားက အပူချိန်၊ သိပ်သည်းဆနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာနိုင်ဖို့ မျှော်လင့်ထားကြပြီး အင်္ဂါဂြိုဟ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဒဿမ ၅ သန်းလောက်က အပေါ်ယံမျက်နှာပြင် ပြောင်းလဲမှုများ ရှိခဲ့ပေမယ့် ဂြိုဟ်အတွင်းပိုင်းမှာ ထူးခြားစွာ မူလအတိုင်းရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။ 

 

ဂြိုဟ်ပေါ်ဆင်းသက်မယ့် စက်ရုပ် အာကာသယာဉ်ကတစ်ဆင့် ကမ္ဘာမြေနဲ့ အခြားကျောက်တုံးတွေ ရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ပြီး အနာဂတ်မှာ လူလိုက်ပါမယ့် လေ့လာရေး ခရီးစဉ်တွေအတွက် အထောက်အကူရနိုင်မှာ ဖြစ်ပါတယ်။ နာဆာနည်းတူ ပုဂ္ဂလိက အာကာသအေဂျင်စီ Space X ကလည်း ၂၀၂၄ မှာ အင်္ဂါဂြိုဟ်ပေါ် လူလိုက်ပါနိုင်မယ့် အာကာသခရီးစဉ် စေလွှတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

MDN

ကိုးကား - အန်အိတ်ချ်ကေ