အင်ဒိုနီးရှားနိုင်ငံအတွင်း ဆယ်စုနှစ်တစ်ခုနီးပါး တိမ်မြုပ်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဥပဒေမူကြမ်းအား ပါလီမန် အတည်ပြု

ဂျကာတာ   ဧပြီ ၁၃

 

အင်ဒိုနီးရှားနိုင်ငံအတွင်း ဆယ်စုနှစ်တစ်ခုနီးပါးကြာ တိမ်မြုပ်နေခဲ့သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဥပဒေ မူကြမ်းအား အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော်က  ဧပြီ ၁၂  ရက်တွင်  အတည်ပြုခဲ့ကြောင်း   ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 

၂၀၁၂ ခုနှစ်တွင် ကနဦးအဆိုပြုခဲ့သော အဆိုပါဥပဒေမူကြမ်းသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဥပဒေအရ အပြစ်ပေးခံရသော ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသူများကို  အကာအကွယ်ပေးသည့်  သီးခြားဥပဒေမူဘောင်တစ်ရပ် ဖြစ်လာရေး ရည်ရွယ်ထားကြောင်းလည်း  သိရသည်။

 

ဥပဒေပြုအမတ်အများစု၏  ထောက်ခံမှုရရှိခဲ့ပြီးနောက် အင်ဒိုနီးရှား အောက်လွှတ်တော်သည်  အဆိုပါလိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှုဥပဒေ မူကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါလိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှု ဥပဒေမူကြမ်းကို တရားဝင် အတည်ပြုလိုက်ခြင်းသည်  အင်ဒိုနီးရှားအမျိုးသမီး အားလုံးအတွက် လက်ဆောင်တစ်ခုဖြစ်ကြောင်း ယင်းဥပဒေမူကြမ်းအား အတည်ပြုရေး စုံညီအစည်းအဝေးတွင် သဘာပတိ အဖြစ်ဆောင်ရွက်သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ ပူအန်မာဟာ ရာနီက ပြောကြားခဲ့သည်။        

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်