အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတကာခရီးသွားများအတွက် သီးသန့်ခွဲထား စောင့်ကြည့်ရေးကာလ လျှော့ချသတ်မှတ်

ဂျကာတာ အောက်တိုဘာ ၁၂

 

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံတကာခရီးသွားများအတွက် နိုင်ငံအတွင်းသို့ ဝင်ရောက်လာချိန်တွင် သီးသန့်ခွဲထား စောင့်ကြည့်ရေးကာလကို ယခင်က ရှစ်ရက်သတ်မှတ်ခဲ့ရာမှ လက်ရှိတွင် ငါးရက်သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး လူဟွတ်ဘင်ဆာပန်တန်က ယနေ့တွင် ပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် နိုင်ငံများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ငါးရာခိုင်နှုန်းအောက် ကျဆင်းခဲ့သည့် နိုင်ငံများမှ နိုင်ငံတကာခရီးသွားများအတွက် ဘာလီကျွန်းသို့ ခရီးသွားလာခွင့်ကို အောက်တိုဘာ ၁၄ ရက်မှစတင်ကာ ခွင့်ပြုပေးတော့ မည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတကာခရီးသွားများသည် အင်ဒိုနီးရှားနိုင်ငံသို့ မထွက်ခွာမီ သုံးရက်အတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိကြောင်း ထောက်ခံ ချက်ပါရှိရမည်ဖြစ်ကြောင်း သိရသည်။ ။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်