အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အာဂွန်းမီးတောင် ပေါက်ကွဲ

၃၁ ဂျကာတာ 

 

အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ ဘာလီကျွန်းပေါ်ရှိ အာဂွန်းမီးတောင်သည် တနင်္ဂနွေနေ့အစောပိုင်းတွင် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

မီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၉ မိနစ်တွင် ဖြစ်ပွားခဲ့သည်။ အာဂွန်းမီးတောင်သည် သုံးမိနစ်ကြာပေါက်ကွဲခဲ့ပြီး အဖြူရောင်မီးခိုးပြာများကို မီတာ ၇၀ဝ (ပေပေါင်း ၂၃၀ဝ) အမြင့်ရှိသည့် လေထုအတွင်း မှုတ်ထုတ်ခဲ့ကြောင်း မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ သဘာဝဘေးလျော့ပါးရေး အေဂျင်စီက ဖော်ပြခဲ့သည်။

 

အမြင့်ပေ ၉၉၄၀ ရှိသည့် မီးတောင်ပေါက်ကွဲမှုကြောင့် သတိပေးချက်အဆင့်ကို ဒုတိယအမြင့်ဆုံးအဆင့်အဖြစ် သတိပေးထားသည်။ မီးတောင်ဝမှ ၄ ကီလိုမီတာအကွာ အန္တရာယ်ဇုန်မှဝေးရာတွင် နေထိုင်ကြရန် ကမ္ဘာလှည့်ခရီးသည်များအား သတိပေးထားသည်။

 

မီးခိုးလုံးများဖုံးလွှမ်း

 

မီးတောင်ပေါက်ကွဲမှုမှ ပေါ်ထွက်လာသည့် အဖြူရောင်မီးခိုးလုံးကြီးသည် မီးတောင်အနီးရှိ ကျေးရွာအများ အပြားကို ဖုံးလွှမ်းသွားခဲ့ကြောင်း မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ သဘာဝေဘေးလျော့ပါးရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ စူတိုပိုပါဝိုနူဂရိုဟိုက ပြောကြားခဲ့သည်။

 

Ngurah Rai နိုင်ငံတကာလေဆိပ်မှ ပြောရေးဆိုခွင့်ရှိသူ အာရီအာဆန် နူရိုဟင်က လေယာဉ်ခရီးစဉ်များကို ပုံမှန်အတိုင်း ပျံသန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ပီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက မီးတောင်သတိပေးချက်ကို အမြင့်ဆုံးအဆင့် သတ်မှတ် လိုက်ပြီးနောက် မီးတောင်အနီးတစ်ဝိုက် ဧရိယာများမှ ပြည်သူ ၁၄၀ဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

 

ဆင်ဟွာ