အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air ရဲ့ ပျက်ကျသွားတဲ့ အစိတ်အပိုင်းရှာဖွေရေး ဆက်လက် မလုပ်ဆောင်တော့ကြောင်း ကြေငြာ

၁၁ နိုဝင်ဘာ

 

အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air လေယာဉ်ရဲ့ ဂျာဗားပင်လယ်ထဲ အောက်တိုဘာလ ၂၉ ရက်နေ့က ပျက်ကျသွားတဲ့ အစိတ်အပိုင်းရှာဖွေရေး ဆက်လက် မလုပ်ဆောင်တော့ဘူးလို့ ကယ်ဆယ်ရေးနဲ့ ရှာဖွေးရေးအဖွဲ့ ခေါင်းဆောင် မိုဟာမက် ဆိုက်ဂီက မနေ့က တရားဝင် ပြောကြားလိုက်ပါတယ်။  ကယ်ဆယ်ရေးနဲ့ ရှာဖွေးရေးအဖွဲ့ခေါင်းဆောင် ဆက်ပြောတာက နိုဝင်ဘာလ ၉ ရက်နေ့နေ့လယ် ကတည်းက ရှာဖွေလို့ တစ်စုံတရာ မရရှိခဲ့တဲ့အတွက် ရှာဖွေရေးအစီအစဉ် ပြီးပြီ။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ဆောင်စဉ်မှာ လူတိုင်းကို စိတ်ကြေနပ်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် ပြည်သူလူထုကို တောင်းပန်ပါတယ်။ အထူးသဖြင့် လေယာဉ်ပျက်ကျရာမှာ ပါသွားတဲ့ မိသားစုတွေကိုပါလို့ ဆိုပါတယ်။ 

 

 

ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လူပေါင်း ၁၈၉ ဦးပါသွားခဲ့ပြီး ပင်လယ်ထဲကနေ ပြန်လည် ရှာဖွေရရှိတဲ့ ခန္ဓာကိုယ်ပိုင်းအစတွေ ထည့်ထားတဲ့ အိတ်ပေါင်း ၁၉၆ ခု ရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီထဲက ၇၉ဦးရဲ့ အစိတ်အပိုင်းကို အသိအမှတ်ပြုနိုင်တဲ့အတွက် သက်ဆိုင်ရာ မိသားစုတွေဆီကို သင်္ဂြိုလ်ဖို့အတွက် ပြန်လည်ပေးအပ်ပြီး ဖြစ်ပါတယ်။ 

 

လေယာဉ်ပျက်ကျရာမှာ ပါသွားတဲ့ ခရီးသည်တစ်ယောက်စီကို အမေရိကန်ဒေါ်လာ တစ်သိန်းနှစ်ထောင့်ငါးဆယ်ရှစ် (၁၀၂,ဝ၅၈)ကို နှစ်နာကြေးအဖြစ် Lion Air လေကြောင်းလိုင်းက ပေးခဲ့ကြောင်း သိရပါတယ်။ 

 

ဘိုးရင်း 737-Max 8 လေယာဉ် အထူးသဖြင့် Lion Air လေကြောင်းလိုင်းရဲ့ စီမံမှုတွေကို စစ်ဆေးဖို့ အင်ဒိုနီးရှားအစိုးရက အမိန့်ထုတ်ထားသလို အခုဖြစ်ခဲ့တဲ့ကိစ္စကို စုံစမ်းနိုင်ဖို့အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက  လေကြောင်းလိုင်းရဲ့ စက်ပိုင်းဆိုင်ရာ ဝန်ထမ်းတွေနဲ့ အရာရှိတွေကို တာဝန်ကနေ ဖယ်ရှားထားပါတယ်။ 

 

 

လူပေါင်း ၁၈၉ ဦး စီးနင်းခဲ့တဲ့ ပျက်ကျသွားသော Lion Air လေယာဉ်မှာ လေတိုက်နှုန်းပြတဲ့စနစ် အလုပ် ကောင်းကောင်းမလုပ်နိုင်တာ အခုပျက်ကျသွားတဲ့ ခရီးစဉ်နဲ့ဆို ခရီးစဉ် လေးခု ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက် တစ်ခုသာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား- AFP