အင်ဒိုနီးရှားက ဧရာမစပါးကြီးမြွေ

၁၂ ဒီဇင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံသားတွေက ဧရာမစပါးကြီး မြွေကြီးကို အောင်အောင်မြင်မြင် မဖမ်းမိခင်အချိန်မှာ စပါးကြီးမြွကေ သူ့ဟာသူ ပြန်ပြီး ပတ်မိနေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ တစ်သန်းကျော် ရှိနေခဲ့ပါတယ်။ 

 

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ ပူချွန်းအန်နန်ရွာက ရွာသားတွေက မြစ်ဘေးမှာ ငြိမ်ငြိမ်သက်သက်ရှိနေတဲ့ စပါးကြီးမြွေကြီးကို သစ်တုံးအဟောင်းထင်ပြီး ထိမိရာ မြွေကြီးက စတင်လှုပ်ရှားလာပါတယ်။ 

 

နိုဝင်ဘာလ ၂၂ ရက်က ရိုက်ကူးခဲ့ ဗီဒီယိုရိုက်ကူးထားသူ ရော်နယ် အီဖန်ဒီ ကိုတို အပြောအရ အမျိုးသားတစ်ယောက်က သူ့ကို မြွေက တိုက်ခိုက်ရန်ပြု နေစဉ်မှာ တခြားလူတွေက ကြားဖြတ်ဝင်ပြီး သားကောင်လုပ်တဲ့ပုံစံမျိုးနဲ့ ကနဦးရန်ပြုခံရတဲ့ အမျိုးသားကို မြွေမျိုမခံရအောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူတို့အားလုံးက အဲဒီမြွေကြီးကို ဖမ်းပြီး လှောင်အိမ်ထဲကို ထည့်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းမိထားတဲ့ မြွေကို ဒေသတွင်းက တိရစ္ဆာန်ရုံကို အကူညီတောင်းခံခဲ့ပေမယ့် တိရစ္ဆာန်ရုံက ဒီမြွေက ကြီးလွန်းတဲ့အတွက် သူတို့ မစောင့်ရှောက်နိုင်ကြောင်း ငြင်းပယ်ခဲ့ပါတယ်။ 

 

အခုတော့ လူတွေ လာကြည့်ချင်ရင် ကြည့်နိုင်အောင် အဲဒီမြွေကို လှောင်အိမ်ထဲမှာ ထည့်ထားပြီး ပါတယ်လို့ ရော်နယ် အီဖန်ဒီ ကိုတို က ပြောပါတယ်။ 

 

စပါးကြီးမြွရေဲ့ အရှည်မှာ ၈ မီတာ (၂၆ ပေ) ရှည်ကြောင်းသိရပါတယ်။ ကမ္ဘာမှာ အကြီးဆုံး စပါးကြီးမြွေ အများစုဟာ ၇ မီတာလောက်သာ ရှည်ကြောင်း သိရပါတယ်။ 

 

ပြီးခဲ့ဇွန်လက ဆူမားတြားကျွန်းပေါ်မှာ စပါးကြီးမြွေတစ်ကောင်က အမျိုးသမီးတစ်ဦးကို မျိုခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ခဲ့ဖူးပါတယ်။ 

 

MDN
ကိုးကား- AFP