အင်ဒိုနီးရှားအလယ်ပိုင်း တရားမဝင်ရွှေတွင်း ပြိုကျပိတ်မိ တစ်ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

၂၇ ဖေဖော်ဝါရီ

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီ ပြည်နယ်မြောက်ဘက် ရှိ တရားမဝင် ရွှေတွင်း တစ်တွင်း ယမန်နေ့ညပိုင်းက  ပြိုကျခဲ့ပြီးနောက် လူအများအပြား ပိတ်မိနေခဲ့သဖြင့် ရွှေတူးလုပ်သားတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူက ယနေ့မနက်စောပိုင်းက ပြောကြားခဲ့သည်။

ဘိုအမ် မိုဂွန်ဒေါ ခရိုင် ဘကမ် ကျေးရွာတွင် ရွှေတူးလုပ်သားများသည် အခြေခံအဆောက်အအုံ ညံ့ဖျင်းပြီး ခိုင်မာမှုမရှိသောမြေသားများကို တူးဖော်ရသည့်အတွက် ယင်းသတ္တုတွင်း ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ ဆုတိုပို ပူရို နုရိုဟို က ပြောကြားခဲ့သည်။

 

mdn

 

ယင်းတွင်း ပြိုကျခဲ့မှုကြောင့် ရွှေတူးလုပ်သား ၆၀ ကျော် ထိခိုက်မိသည်ဟု ယူဆရကြောင်းနှင့် ၎င်းတို့အနက်မှ ၁၄ ဦးကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ဆုတိုပို က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများက အဆိုပါ ရွှေတွင်းပြိုကျမှုကြောင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နေကြကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား ဆင်ဟွာ 
ဘာသာပြန် မြင့်မြင့်ချို

 

mdn