အင်ဒိုနီးရှား နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား စောင့်ရှောက်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား တာဝန်ချထား

၆ ဇန်နဝါရီ

 

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီ Biofarma မှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် ကာကွယ်ဆေးများသည် အင်ဒိုနီးရှား လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉  ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့် စစ်သား ၈၃၅၆၆ ဦးကို တပ်ဖြန့်ချထားခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

 

 

အင်ဒိုနီးရှားနိုင်ငံတွင်  ဇန်နဝါရီလ ၁၃ ရက်၌ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံခြင်း စတင်မည်ဖြစ်ပြီး ပြည်သူ ၁၈၁ ဒသမ ၅ သန်း အတွက် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို လာမည့်နှစ်ထိ ထိုးနှံသွားမည်ဖြစ်သည်။

 

 

ကာကွယ်ဆေးထိုးနှံခြင်း ပထမကာလသည် ဇန်နဝါရီလမှ ဧပြီလအထိဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း ၁ ဒသမ၃ သန်း၊ အစိုးရဝန်ထမ်း ၁၇ ဒသမ ၄ သန်းနှင့် သက်ကြီးရွယ်အို ၂၁ ဒသမ ၅ သန်းတို့အား ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်သည်။

 

 

ကာကွယ်ဆေး ထိုးနှံခြင်း ဒုတိယကာလကို ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ လုပ်ဆောင်မည်ဖြစ်ကာ ရောဂါ ကူးစက်နိုင်ခြေများသော ပြည်သူ ၆၃ ဒသမ ၉ သန်းနှင့် ကျန်ရှိသူ ၇၇ ဒသမ ၄ သန်း ကို ထိုးနှံပေးမည်ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်