အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် လူစုလူဝေးဖြင့် ဆုတောင်းပွဲပြုလုပ်သူများအား အရေးယူထား

နေပြည်တော် ၁၅ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်နေ စောကွယ်ဝါး (၄၄)နှစ်နှင့် စောရေးဂန်ဒီး (၃၃)နှစ်တို့ နှစ်ဦးသည် မတ်လ ၂၂ ရက်တွင် လူစုလူဝေးဖြင့် ဆုတောင်းပွဲပြုလုပ်ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အရေးယူပေးပါရန် တိုင်တန်းချက်အရ ဧပြီ ၁၃ ရက်တွင် စောကွယ်ဝါးပါ နှစ်ဦးအား အင်းစိန်မြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ထို့ပြင် ဧပြီ ၇ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်နေ ဝေထွန်း (၅၄)နှစ်နှင့် ကနေဒါနိုင်ငံသား ခံယူထားသူ တောင်ဥက္ကလာပမြို့နယ်နေ မြန်မာလူမျိုး ဒေးဗစ် (ခ) စောဒေးဗစ် (ခ) David Lah (၄၃)နှစ်တို့သည် မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၌ လူစုလူဝေးဖြင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အရေးယူပေးပါရန် တိုင်တန်းချက်အရ ဧပြီ ၁၃ ရက်တွင် မရမ်းကုန်းမြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား