အင်းစိန်မြို့နယ်တွင် အကြိမ် (၄၀)မြောက် လူထုစုပေါင်းစက်ဘီစီးပွဲ ကျင်းပ

ရန်ကုန် ၃၀     စက်တင်ဘာ                    

(၄၀)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲကို စက်တင်ဘာ(၂၉)ရက်က အင်းစိန်၊ စော်ဘွားကြီးကုန်း၊ နံ့သာမြိုင်စုရပ်၌ ကျင်းပရာ မြောက်ပိုင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးစိုးသိန်းမှ သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးခဲ့သည်။

စုပေါင်းစက်ဘီးစီးပြိုင်ပွဲတွင် အရွယ်မရွေး၊လူမျိုးမရွေးဘဲ ရန်ကုန်မြို့နေပြည်သူ ၅၀၀ ကျော် ဝင်ရောက်စီးနင်းခဲ့ပြီး ပန်းခြံမှတာလွှက်ကာ လမ်းသစ်လမ်း၊ မင်းကြီးလမ်း၊ အောက်မ င်္ဂလာဒုံလမ်း၊ ဂျပန်လမ်း၊ ပြည်လမ်းအတိုင်း စီးနင်းပြီး နံ့သာမြိုင်ပန်းခြံ၌ ပန်းဝင်ခဲ့ သည်။

အဆိုပါ လူထုစက်ဘီးစီးပွဲသို့ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြောက်ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ် ရေး မှူး ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း အား/ကာမှ ညွှန်ကြားရေးမှူး ဦးအောင်စိုး နှင့် တာဝန်ရှိသူများ၊ စက်ဘီးစီးဆပ်ကော်မတီဥက္ကဌနှင့် အမှုဆောင်များ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ စက်ဘီးစီးပြည်သူများ တက်ရောက်ခဲ့ကြသည်။

မျိုးသန့်(ပြန်/ဆက်)

 

image-0-02-06-adbb2f788c5db2731f6058040185fc47b947367b2a4e4f1323c619d3f3bb269e-V