အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် PPE ဝတ်စုံများ လာရောက်လှူဒါန်း

ရန်ကုန်    ၂၃  ဧပြီ    
    
ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉  ရောဂါကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် PPEဝတ်စုံများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် အိဖြိုးရတနာ(Jetty)မှ PPEဝတ်စုံ(၅၀)၊ အရှေ့တိုင်းစွမ်းအား (Jetty)မှ PPE ဝတ်စုံ(၂၅)စုံ၊ငွေပင်လယ် (Jetty)မှ PPEဝတ်စုံ(၂၅)စုံတို့ကို လာရောက်လှူဒါန်းရာ အင်းစိန် မြို့နယ်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အင်းစိန်မြို့နယ်၊Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)