အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အရက်ပျံ(၅)ပုံး လှူဒါန်း

ရန်ကုန် ဇူလိုင် ၄

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြက်ခြေနီ အသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အရက်ပျံ (၅) ပုံး လှူဒါန်းခြင်းကို ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရွှေမြန်မာ အဖျော်ယမကာမှ ငွေကျပ် (၁) သိန်းခွဲ တန်ဖိုးရှိ အရက် ပျံ (၅) ပုံးကို လှူဒါန်းရာ ကြက်ခြေနီအသင်း (အင်းစိန်) မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)