အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

လင်းခေး ၉ ဇွန်

 

ဇွန် ၉ ရက်၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၃) မိနစ် တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်ကွာဝေးသော လင်းခေးမြို့၏ အရှေ့မြောက်ဘက် ၁၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၅၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသတင်းထုတ်ပြန်ချက်အရ သိရသည်။

 

MDN