အနောက်ကြို့ကုန်းကျေးရွာ၌ လယ်ဧက ၂၀ဝ အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်

ပေါက်ခေါင်း   ၆   မေ

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်း မြို့နယ် အနောက်ကြို့ကုန်း ကျေးရွာ၌ ကျေးလက်နေတောင်သူများ၏ လယ်ဧက ၂၀ဝ မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အနောက်ကြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်းမှာ လမ်းအရှည် ၈၇၅၁ ပေ အကျယ် ၁၂ ပေ ထု ၉ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းဖြစ်ပြီး ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅ ဒသမ ၂၉၆ သန်းဖြင့် တင်ဒါအောင်မြင် သောဓနထွန်းပြည့် ကုမ္ပဏီမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းကစတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၈၀ရာနှုန်းအထိပြီးစီးနေပြီ ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ပြောပြသည်။

 

အဆိုပါကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ် ပြီးစီးသွားပါက အိမ်ခြေ ၃၇၁ အိမ်ရှိ  ဒေသခံပြည်သူ ၁၀ဝ၀ကျော်မှာ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်လာမည်ဖြစ်ပြီး ဒေသထွက်ကုန်များလွယ်လင့်တကူ ရောင်းဝယ်ဖောက်ကားနိုင်၍၊ ကုန်စည် စီးဆင်းမှုမှာလည်း ယခင်ကထက် ပိုမို ကောင်းမွန်လာမည်ဖြစ်ပြီး လယ်ဧက ၂၀ဝ မှလယ်ယာထွက်ကုန်များဈေးကွက်သို့ အချိန်မီရောက်ရှိရေးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ