အနာဂတ်နေ့ရက်များဆီ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ရှေ့ဆက်ချီ

သတင်းဆောင်းပါး - ခင်ရတနာ

 

မောင်ရင်မောင် မမယ်မ ဆိုသည်မှာ တစ်ခေတ်တစ်ခါက အလွန်ကျော်ကြားလှသည့် မြန်မာနိုင်ငံ၏ ပထမဆုံးဝတ္ထုရှည်တစ်ပုဒ်ဖြစ်ကြောင်း ယနေ့လူငယ်အများစု သိရှိနိုင်ဖို့ အလှမ်းဝေးပါသည်။ မြန်မာစာပေသည် မြန်မာတို့၏ ခေတ်ကြေးမုံသမိုင်းကြောင်း၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့် နိုင်ငံ၏ ဖြတ်သန်းရပ်တည်မှု ဇာတ်ခုံ တို့ကို ခေတ်အလိုက်၊ ရတုအလိုက် ဖော်ပြလျက်ရှိသည်။ အထူးသဖြင့် ဂန္ထဝင်စာပေများသည် ယနေ့လူငယ် တို့အတွက် သမိုင်းအချက်အလက်များကို ပေးစွမ်းသည့်အပြင် မျိုးဆက်သစ်များအတွက် ဆောင်ရန်၊ ရှောင်ရန်၊ လေးစားလိုက်နာရန်တို့အပြင် စိတ်နှလုံးနူးညံ့သိမ်မွေ့ ခြင်းနှင့် နိုင်ငံချစ်စိတ်၊ နိုင်ငံသားပီသလိုစိတ်တို့ကိုပါ ဖြည့်စွမ်းပေးသည့် ထာဝရအားဆေးတစ်ခွက်ပင်ဖြစ်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် မြန်မာ စာပေလောကတွင် ထင်ရှားကျော်ကြားခဲ့ပြီးသော စာအုပ်များအနက်မှ ကောင်းနိုးရာရာများ၊ မြန်မာပြည်သူလူထု အထူးသဖြင့် မြန်မာ လူငယ်များ မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ် အားလုံးကို ဖတ်ရှုရုံဖြင့် မြန်မာစာပေလောက၏ ခရီးလမ်း၊ စာပေဖွံ့ဖြိုးတိုးတက်မှု၊ စာပေနိမ့်ကျ ယိုယွင်းမှုများကို တစ်ထိုင်တည်းနှင့် သိရှိသွားစေရန် ရည်ရွယ်ပြီး မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်များကို ထုတ်ဝေလျက်ရှိပါသည်။ အတွဲ ၁၀ဝ ၏ပထမဆုံး ခြေလှမ်းအဖြစ်မူ ဝတ္ထုရှည် ဘာသာရပ်ဖြင့် စတင်ခဲ့ပြီး မြန်မာ့ပထမဆုံး ဝတ္ထုရှည်ဖြစ်သော ဂျိမ်းစ်လှကျော် ရေးသားသည့် မောင်ရင်မောင် မမယ်မ၊ ဝန်စာရေးဦးကြီး၏ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းနှင့် မအေးခင် ၏ ချစ်ရိုးအမှန် ဝတ္ထုရှည်စသည်တို့ကို အစိုးရ သစ်လက်ထက်တွင် ပြန်လည်အားသစ်လောင်းကာ ထုတ်ဝေနိုင်ခဲ့ပါသည်။

 

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသည် အမည်နာမပါ စကားလုံးများအတိုင်း ပုံနှိပ်ရေး၊ ထုတ်ဝေဖြန့်ချိရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ရသည်။ ပုံနှိပ်ဟုဆိုရာတွင် နိုင်ငံတော်၏ အရေးကြီးစာရွက်စာတမ်းများ၊ မြန်မာနိုင်ငံ ပြန်တမ်းများကို ယခင်အစဉ်အလာအတိုင်း ရိုက်နှိပ်ရသကဲ့သို့ ပညာရေးဝန်ကြီးဌာန၏ ပြဋ္ဌာန်း စာအုပ်များကိုလည်း ပုံနှိပ်စက်ရုံများစွာ၊ ပုံနှိပ်ဝန်ထမ်းများစွာဖြင့် ပုံနှိပ်ပေးလျက်ရှိသည်။

 

mdn

 

စာပေဗိမာန် သို့မဟုတ် စာအုပ်များနှင့် ကမ္ဘာ

 

စာပေဗိမာန်သည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်တွင်ရှိသည့် မြန်မာစာပေ ဖွံ့ဖြိုးရေးများ စဉ်ဆက် မပြတ်လုပ်ဆောင်ရာဌာန ဖြစ်သည်။ ၁၉၄၈ ခုနှစ်ကတည်းက စတင် မွေးဖွားခဲ့ပြီး ယခုအစိုးရ၏ တတိယ (၁)နှစ်တာ အတွင်း စာပေဖွံ့ ဖြိုးတိုးတက်မှု၊ စာပေသိက္ခာ ခိုင်ခံ့မှုတို့ကို လက်ကိုင်ထားကာ အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ရွေးချယ်ချီးမြှင့်ပေးနိုင်ခဲ့သည်။ စာပေ ဗိမာန်မှ ပြည်သူလုထုစာပေ အသိအမြင် တိုးတက်စေရေး၊ လူမှုဘဝ ဖွံ့ဖြိုးရှင်သန်စေရေး စသည့် လူသား အရင်းအမြစ် ဖွံ့ဖြိုးမှုကို အခြေခံကာ ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စတင်ထုတ်ဝေနိုင်ခဲ့ပြီ

 

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသည် စာပေဗိမာန်ရုံးကို အခြေတည်လျက် စာအုပ်များစွာ ထုတ်ဝေခဲ့ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ် အတွဲ-၁၊ အတွဲ-၂ နှင့် အတွဲ-၃ တို့ကို စတင် ထုတ်ဝေနိုင်ခဲ့သည်။ အတွဲ ၁၀ဝ စာစဉ်ထုတ်ဝေခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းကတည်းက စတင် အခြေတည်ခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန် ပိုင်းတွင် အကောင်အထည်ဖော်ကာ ထုတ်ဝေ နိုင်ခဲ့ခြင်းဖြစ်သည်။ 

 

ပထမတွဲတွင် မြန်မာ့ဂန္ထဝင်ဝတ္ထုရှည်များ ထုတ်ဝေခဲ့သည့်နည်းတူ ဒုတိယတွဲတွင်လည်း ဦးလတ်၏ ရွှေပြည်စိုး၊ ရွှေဥဒေါင်း၏ ရတနာပုံနှင့် ဘီအေမောင်ဘသန်း၏ ထာဝရမေတ္တာ (သို့မဟုတ်) ဘီအေမောင်ဘလွင် စသည့် ဝတ္ထုများကို စုစည်းထုတ်ဝေနိုင်ခဲ့သည့်အပြင် တတိယတွဲတွင် ပီမိုးနင်း၏ နေရီရီ၊ ဦးလတ်၏ တနန်းပျော် ရင်သွေးတော်နှင့် သခင်ကိုယ်တော်မှိုင်း၏ မှာတော်ပုံဝတ္ထုများကို နှစ်ရှည်ထိန်းသိမ်းခံအဖြစ် အရည် အသွေးမြင့်မားစွာ ထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။ ယင်းသို့ မြန်မာဂန္ထဝင်အတွဲ ၁၀ဝ ၏ စာစဉ် ရှေးဦးအတွဲ သုံးတွဲထုတ်ဝေခြင်းကို ၂၀၁၈ ဒီဇင်ဘာ ၃ ရက်က အောင်မြင်စွာ ဖြန့်ချိထုတ်ဝေနိုင်ခဲ့သည်။

 

စာပေဆုများကို ရွေးချယ်ချီးမြှင့်ပေး

 

စာပေဗိမာန်သည် ၂၀၁၆ ခုနှစ် စာပေဗိမာန် စာမူဆုအတွက် ဘာသာရပ် (၁၃) မျိုး၌ ၁၃ မျိုးလုံး ချီးမြှင့်နိုင်ပြီး ဆုပေါင်း ၂၆ ဆုကို ရွေးချယ်နိုင်ခဲ့ ပါသည်။ စာပေပညာရှင်နှင့် ကျွမ်းကျင်ပညာရှင် ၂၈ ဦးမှ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့မှ ပဏာမ၊ ဆန်ခါတင်နှင့် အတည်ပြုဟူ၍ အဆင့်သုံးဆင့်ဖြင့် ရောက်ရှိစာမူပေါင်း ၂၉၂ စောင်အနက်မှ ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ဆုကြေး မှာ ပထမဆုအတွက် ကျပ်ကျပ်ခုနစ်သိန်း၊ ဒုတိယဆု အတွက် ကျပ်ငါးသိန်း၊ တတိယဆုအတွက် ကျပ်သုံးသိန်း သတ်မှတ်ခဲ့သည်။ 

 

၂၀၁၇ ခုနှစ် စာပေဗိမာန်စာမူဆုများတွင် နိုင်ငံရေးစာပေနှင့် အင်္ဂလိပ်စာမူ ဘာသာရပ်မှလွဲ၍ ဘာသာရပ် ၁၁ မျိုးအတွက် ဆုပေါင်း ၂၅ ဆုကို ရွေးချယ်ပေးခဲ့ပြီး စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့သည် ၂ နှစ်သက် တမ်းအဖွဲ့ဖြစ်သဖြင့် စာပေပညာရှင်နှင့် ပညာရပ်ကျွမ်းကျင် ပညာရှင် ၂၈ ဦးတို့ကပင် ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ ဆုကြေးများမှာ ပထမဆုအတွက် ငွေကျပ် ဆယ်သိန်း၊ ဒုတိယဆုအတွက် ကျပ် ငွေကျပ်ခုနစ်သိန်းနှင့် တတိယဆုအတွက် ကျပ်ငွေကျပ်ငါးသိန်းဟူ၍ အသီးသီးတိုး၍ ချီးမြှင့်ခဲ့သည်ကို မြင်တွေ့ရသည်။ 

 

စာပေဗိမာန်သည် ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် အဖွဲ့ငယ်များကို ၂၀၁၆ ခုနှစ်အတွင်း မှစ၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ အဖွဲ့ဝင် ၇၇ ဦးပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ၁၂ ဦး နုတ်ထွက်ခဲ့ရာ ကော်မတီဝင် ၆၅ ဦးဖြင့် ရွေးချယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

၂၀၁၆ ခုနှစ်အတွက် စာအုပ်ပေါင်း ၉၆၆ အုပ်ကို ဘာသာရပ် ၁၆ မျိုးခွဲကာ အမျိုးသား စာပေ ဆု မူဝါဒ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ခဲ့ရာတွင် ဘာသာရပ် ၁၀ မျိုးကို ဆုရွေးချယ် နိုင်ခဲ့ပြီး အမျိုးသား စာပေ တစ်သက်တာစာပေဆု ကို ပညာရှင်သုံးဦးအား ရွေးချယ်နိုင်ခဲ့ပါသည်။ ဆုကြေးငွေကို အမျိုးသားစာပေ တစ်သက်တာဆု အတွက် ငွေကျပ် ၂၅ သိန်း၊ အမျိုးသား စာပေဆု အတွက် ကျပ် ငွေကျပ် ၁၅ သိန်း ချီးမြှင့်နိုင်ခဲ့သည်ကို မြင်တွေ့ရသည်။

 

စာပေဗိမာန်သည် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ကို အဖွဲ့ဝင် ၆၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုတွင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သူ နှစ်ဦး ရှိလာသောကြောင့် အဖွဲ့ဝင် ၆၃ ဦးဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ထိုတွင် ကဗျာဆုအတွက် အစဉ်အလာ ကဗျာနှင့်အတူ ခေတ်ပေါ်ကဗျာကို စိစစ်ခွင့်ပြုခြင်း၊ ကဗျာဆု ကို အစဉ်အလာနှင့် ခေတ်ပေါ်မခွဲခြားဘဲ ကဗျာဆု တစ်ဆုတည်း သတ်မှတ်ခြင်းကို ထပ်မံအတည်ပြု ပေးသည့်အပြင် ရသစာတမ်း (အက်ဆေး) ဆုနှင့် ရည်òန်းစာပေဆုဟူ၍ ဆုနှစ်ဆုကိုလည်း တိုးချဲ့ ခဲ့ခြင်းကြောင့် ဘာသာရပ် ၁၈ မျိုးဖြင့် တိုးမြှင့် ချီးမြှင့်ရန်အတွက် အတည်ပြုနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုကို စာအုပ်ပေါင်း ၈၉၁ အုပ်အား ဘာသာရပ် ၁၈ မျိုးခွဲ၍ စိစစ်ရာ ၁၁ မျိုးအား ချီးမြှင့်နိုင်ခဲ့ပါသည်။ အမျိုးသား စာပေ တစ်သက်တာဆုကိုမူ ယခင်နှစ်များကဲ့သို့ ပညာရှင် သုံးဦးအား ရွေးချယ်ချီးမြှင့်နိုင်ခဲ့သည်။ ဆုကြေးငွေ ကို အမျိုးသားစာပေတစ်သက်တာဆုအတွက် ငွေကျပ်ကျပ်သိန်း ၅၀ ၊ အမျိုးသားစာပေဆုအတွက် ကျပ်ငွေကျပ် ၂၅ သိန်းချီးမြှင့်နိုင်ခဲ့သည်ကို တွေ့ ရှိရသည်။

 

မြန်မာ့စွယ်စုံကျမ်းအား ပြန်လည်ဆန်းသစ်

 

၁၉၅၄ ခုနှစ်၊ ဘာသာပြန်စာပေအသင်း အနေဖြင့် တည်ရှိစဉ်က ထုတ်ဝေခဲ့သော မြန်မာ့ စွယ်စုံကျမ်း ၁၅ တွဲကို ခေတ်နှင့်အညီ ပြန်လည် ထုတ်ဝေရန်အတွက် ပြင်ပအဖွဲ့အစည်းဖြစ်သည့် ထွန်းဖောင်ဒေးရှင်းနှင့် လက်တွဲကာ ၂၀၁၇ ခုနှစ် နှစ်စပိုင်းမှစ၍ မြန်မာ့စွယ်စုံကျမ်း ပြန်လည် ထုတ်ဝေရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။ ယခုအခါ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁ သည် အချောသပ် လုပ်ငန်းဆောင် ရွက်ပြီးစီးနေပြီး နောင်ဆက်လက် ထုတ်ဝေမည့် စွယ်စုံကျမ်းအတွဲများနှင့် ညီညွတ်မှုရှိစေရန် အတွက် အချို့တည်ပုဒ်များ၊ စာမျက်နှာ ဖွဲ့စည်းပုံ များကို အသေးစိတ်ပြုပြင်ဆောင်ရွက်လျက်ရှိ သည်ဖြစ်ရာ မကြာမီ စွယ်စုံကျမ်းအတွဲ-၁ ကို ပရိသတ်များနှင့် မြန်မာစာပေ ချစ်သူများထံ မှောက်အရောက်ပေးအပ်နိုင်တော့မည် ဖြစ် ကြောင်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနမှ သိရှိရပါသည်။ 

 

စွယ်စုံကျမ်း ပြန်လည်ဆန်းသစ်ဖြည့်စွက်ခြင်း လုပ်ငန်းသည် နှစ်ရှည်လများ လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ပြီး ယခင် မြန်မာ့စွယ်စုံကျမ်းများကို အတွဲ-၁ မှ အတွဲ-၁၅ အထိ ပြုစုဆောင်ရွက်ရာ၌ ၂၂ နှစ်ခန့် ကြာမြင့်ခဲ့သည်ကို သိရှိရသည်။ ယခု ထုတ်ဝေမည့် စွယ်စုံကျမ်းများကိုမူ အချိန်ကာလ တစ်ခုအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်ကြိုးပမ်း သွားမည်ဖြစ်ကာ စာပေဗိမာန်စာတည်းအဖွဲ့ကို ဗဟိုပြုလျက် ထွန်းဖောင်ဒေးရှင်းက တာဝန် ပေးအပ်သော ပညာရှင်များ၊ ကွန်ပျူတာအဖွဲ့များ နှင့်အတူ စာပေဗိမာန် ရည်òန်းကျမ်းပညာရှင် များ၏ ဒေါက်တိုင်အင်အားဖြင့် အမြန်ဆုံးပြီးစီးအောင် ကြိုးပမ်းလျက်ရှိပါသည်။

 

စိန်ရတုစာပေဗိမာန်အတွက် အခြေခံကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည့် နှစ် ၇၀ ပြည့် စာပေဗိမာန် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်က စာပေဗိမာန်တွင် ကျင်းပခဲ့ပြီး အခမ်းအနား နှင့်အတူ အထိမ်းအမှတ် စာအုပ်ကိုလည်း ထုတ်ဝေနိုင်ခဲ့သည်ကို ဂုဏ်ယူ ဖွယ်မြင်တွေ့ရသည်။

 

ပြည်သူများအတွက် ဉာဏ်မျက်စိအလင်းဖွင့်ပေး

 

မူလတန်းအကြိုနှင့် မူလတန်းကျောင်းသား များအတွက် ရည်ရွယ်ထုတ်ဝေသော ရွှေသွေး ဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းတွင် ထုတ်ဝေလျက်ရှိသကဲ့သို့ အထူးထုတ် စာအုပ် များအဖြစ် ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၈ ခုနှစ်တွင် ရွှေရတုအကြိုအထူးထုတ်အဖြစ် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ရွှေရတုအထူးထုတ်အဖြစ် တစ်ကြိမ် အောင်မြင်စွာ ထုတ်ဝေပေးနိုင်သည့် အတွက် အနာဂတ်လူငယ်များအတွက် စာပေ မှတ်တိုင်တစ်ခုပင်ဖြစ်သည်။

 

အပတ်စဉ်ထုတ်ဝေလျက်ရှိသော သုတ ပဒေသာဂျာနယ်သည် လူငယ်များအတွက် ပင်မ ရည်ရွယ်ချက်ထားရှိပြီး ယင်းကိုဘာသာပြန်စာမူများနှင့် စုပေါင်း၍ တစ်လ တစ်ကြိမ်ခန့် ထုတ်ဝေ ခဲ့သည့်အပြင် ၂၀၁၇ ခုနှစ်တွင် စာပေဗိမာန် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့်လည်း လက်ရွေးစင်ဆောင်းပါများကို စုစည်းကာ သုတ ပဒေသာ ဆောင်းပါး ပေါင်းချုပ်အဖြစ် ထုတ်ဝေခဲ့ သည်။ စာပေဗိမာန်က ဘာသာပြန်စာအုပ်များ ဖြစ်သည့် ဟီလာရီကလင်တန်၏ ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်နှင့် နိုင်ငံသား ဖြစ်ခြင်း၏ တန်ဖိုး၊ ကြယ်စင်များ ဆီသို့နှင့် အာရှ လူငယ်များ စာအုပ်တို့ကို ဘာသာပြန်ဆို ထုတ်ဝေနိုင်ခဲ့သည်။ 

 

တစ်ဆက်တည်းတွင် ဂျပန်နိုင်ငံ Shanti စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ပူးပေါင်း၍ လူငယ်များအတွက် ဘာသာပြန်ပြိုင်ပွဲများ ကျင်းပပြီး ပထမဆုရ စာအုပ်များကို ပုံနှိပ်ထုတ်ဝေခြင်း၊ ကလေး စာပေဘာသာပြန် စာအုပ်ဖြစ်သည့် ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများစာအုပ်ကို ပုံနှိပ်ထုတ် ဝေခြင်းများပြုလုပ်ပြီး ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဌာနရှိ စာကြည့်တိုက်များသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ပြည်သူ့လက်စွဲစာစဉ်မှအစပြု၍ စာပေ ဗိမာန်စာမူဆုပြိုင်ပွဲမှ ဆုရစာမူများ၊ ပခုက္ကူ စာပေဆုမှ ဆုရစာအုပ်များနှင့် သီးခြားထုတ်ဝေ သော စာအုပ်များကို အစိုးရ၏ သုံးနှစ်တာကာလ အတွင်း အုပ် ၁၀ဝ ခန့် ထုတ်ဝေခဲ့ပြီး စာပေဆုရ ကလောင်သစ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ သည့်အပြင် ခေတ်ပြိုင် အကြောင်းအရာများ ထင်ဟပ်ထားသည့် ရသစာအုပ်များအဖြစ် စာပေဗိမာန် စာမူဆုရ စာအုပ်များ၏ အခင်း အကျင်းအသစ်ကို ဖော်ကျူးနိုင်ခဲ့သည်မှာလည်း သုံးနှစ်တာအတွင်း ဦးစီးဌာန၏ စွမ်းဆောင်ချက်များ ပင်ဖြစ်သည်။ 

 

mdn

 

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် သက်ဝင်လှုပ်ရှား

 

စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ၁၉၅၀ ပြည့်နှစ်ကျော်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက် ကို ဖြည့်တင်းပေးနိုင်သော စာများရရှိရေးကို ရည်ရွယ်သည့် အလျောက် အရွယ်မျိုးစုံ စာဖတ်သူများ ဖတ်ရှု လေ့လာနိုင်သော စာအုပ်များဖြင့် ဖွဲ့စည်းထားရှိ ခဲ့ပါသည်။ ထိုစာကြည့်တိုက်သည် ဝါသနာရှင် အဆင့်မှ လေ့လာသူအဆင့်အထိ အဆင့်ဆင့်သော စာဖတ်သူများအတွက် မိမိအာရုံနှင်ရာ အလိုက် အသုံးပြုနိုင်ရန် စီစဉ်ထားသော စာကြည့်တိုက်ဖြစ်သည်။ ယခုအခါတွင် စာပေ ဗိမာန်စာကြည့်တိုက်၌ စာတမ်းရေးလိုသူ၊ စာတမ်း ဖတ်လိုသူ၊ ကျမ်းပြုစုလိုသူများအတွက် အထူး ကူညီပေးနိုင်သည့် ဝန်ဆောင်မှုများကို ပေးအပ်ခဲ့သည်။ ရည်ညွှန်းစာကြည့်တိုက်၊ ခေတ်မီစာကြည့်တိုက်၊ ကလေးစာကြည့်တိုက် စသည်ဖြင့်လည်း ခွဲခြားစီစဉ် ထားသောကြောင့် ကလေးများအတွက် စာဖတ်ရုံသာမက ပုံပြော ပြိုင်ပွဲများ၊ စကားစွမ်းရည်ပြိုင်ပွဲများ ကိုပင် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။

 

စာပေကဏ္ဍ လမ်းသစ်ဖောက်လုပ်

 

စာပေဗိမာန်သည် ပြန်ကြားရေးဝန်ကြီး ဌာန၏ လမ်းòန်မှုဖြင့် စာတမ်းဖတ်ပွဲများ၊ စာအုပ် ဈေးရောင်းပွဲတော်များ၊ စာပေဆွေးနွေး ပွဲများနှင့် စာအုပ်လမ်းဖောက်ခြင်းလုပ်ငန်းများတွင် တတ်အားသရွေ့ အကူအညီပေးလျက်ရှိ သည်ကိုလည်း မြင်တွေ့ရသည်။ 

 

၂၀၁၉ ခုနှစ်အတွင်းတွင် စာပေပွဲတော် အစီစဉ်သစ်တစ်ရပ်အနေဖြင့် အမျိုးသား စာပေ ဆုရရှိသူများပါဝင်သည့် စာပေစကားဝိုင်း ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရုံးချုပ်)၌ ကျင်းပနိုင်ခဲ့သည်။ မိမိတို့စာအုပ်များ အဘယ်ကဲ့သို့ အမျိုးသား စာပေဆု ရရှိခဲ့သည်ကို အကြောင်းပြုကာ စာပေရေးရာ အဝန်းအဝိုင်း တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ဆွေးနွေးပွဲ အဖြစ် အကျိုးရလဒ်များစွာ ရရှိစေခဲ့သည်။

 

၂၀၁၆-၂၀၁၇ ခုနှစ် ကာလအတွင်းတွင် နိုင်ငံ ရေးစာတမ်းဖတ်ပွဲ၊ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲ၊ ဘာသာပြန်ဆိုင်ရာ စာတမ်း ဖတ်ပွဲများကို ကျင်းပသည်နှင့် တစ်ပြိုင်နက် ထိုစာတမ်းဖတ်ပွဲများ ဘေးပတ်လည် တစ်လျှောက်တွင် နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီစာအုပ် ဈေးရောင်းပွဲတော်များကို ကျင်းပပေးခဲ့သည်။

 

ထို့ပြင် စာအုပ်ဈေးရောင်းပွဲတော် ယဉ်ကျေးမှု ထွန်းကားလာစေရန်နှင့် ပြည်သူများ စာအုပ်ဝယ်ယူရာတွင် အဆင်ပြေစေရန် အတွက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အနော်ရထာလမ်းနှင့် မဟာဗန္ဓလလမ်းကြား နေရာကို စာအုပ်လမ်းအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံ စာအုပ်ထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းနှင့် ပူးတွဲလျက် စာအုပ်ဆိုင်များ ခင်းကျင်းထားရှိရောင်းချခဲ့သည်။ မိုးရာသီ ကာလတွင်သာ ခေတ္တနားရုံမှလွဲ၍ ကျန်အချိန် များတွင် စာအုပ်လမ်းဈေးရောင်းပွဲတော်ကို ကျင်းပပေးခဲ့သဖြင့် စာချစ်သူများအတွက် လွယ်ကူစွာ တစ်နေရာတည်း စာပေရသမျိုးစုံ တို့ကို တို့ထိခံစားခွင့်ရရှိနိုင်ပြီဖြစ်သည်။

 

စာပေဗိမာန် စာအုပ်အရောင်းဆိုင်

 

စာပေဗိမာန် စာအုပ်အရောင်းဆိုင်သည် စာပေဗိမာန်မှ ထုတ်ဝေသော စာပေဆုရ စာအုပ် များအပါအဝင် အစိုးရစာပေတိုက် ၁၄ တိုက်နှင့် ပုဂ္ဂလိကစာပေတိုက် ၆၉၇ တိုက်မှ စာအုပ်များကို ရောင်းချပေးလျက်ရှိပါသည်။ စာအုပ်များကို လက်လှမ်းမီသမျှ ထားရှိနိုင်ရေး၊ စာအုပ်ဝယ်သူ ပြည်သူများအတွက် အစုံလင်ဆုံးသော စာအုပ်များ ရရှိနိုင်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှု များစွာကို ဆောင်ရွက်ခဲ့သည်။

 

၂၀၁၈ ဩဂုတ်တွင် ယခင်နိုင်ငံ့ဂုဏ်ရည် နေရာ၌ စာပေဗိမာန် စာအုပ်အရောင်းဆိုင်သစ် ဆိုင်တစ်ဆိုင်ကို တိုးချဲ့ ဖွင့်လှစ်ရောင်းချနိုင်ခဲ့သည်။ စာအုပ်အရောင်းဆိုင်နှင့်အတူ စာပေဗိမာန် စာအုပ်အသင်းကိုလည်း အောင်မြင်စွာထူထောင် ထားပြီးဖြစ်သဖြင့် စာအုပ်ထုတ်ဝေသူနှင့် စာဖတ်သူတို့အကြား အမြဲမပြတ်ထိတွေ့ ရင်းနှီးနေစေသော စာပေဆက်ဆံမှုကို တည်ဆောက်ခွင့်ရရှိခဲ့သည့် နည်းတူ စာပေယဉ်ကျေးမှုတစ်ခုကိုလည်း ဖော် ဆောင်စေနိုင်ခြင်းဖြစ်ပါသည်။

 

စာပေဗိမာန်စာအုပ်အသင်းသည် နှစ်ပေါင်း ၅၈ နှစ်ခန့် သက်တမ်းရှိ လာပြီဖြစ်သည့်အပြင် အစိုးရသစ် လက်ထက် ပြုပြင်ပြောင်းလဲမှုများ ကြောင့်ပင် အသင်းဝင်ဦးရေ တိုးပွားလာခဲ့ရာ ယခုအချိန်တွင် ရန်ကုန် အသင်းဝင် ၆၇၆ ဦးနှင့် နယ် အသင်းဝင် ၃၆၅ ဦးအထိ ရှိလာခဲ့သည်။

 

ကျောင်းသုံး၊ ရုံးသုံးအားလုံးပုံနှိပ်

 

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာနက အပ်နှံသောအခြေခံ ပညာကျောင်းသုံး ဖတ်စာအုပ်များ၊ ပုံနှိပ်ထုတ်ဝေ ခြင်းလုပ်ငန်းကို နှစ်စဉ် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကျောင်းသုံး အမှာစောင်ရေ ၁၉ ဒသမ ၂၃၂ သန်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းသုံး စာအုပ်အမှာစောင်ရေ ၁၇ ဒသမ ၁၀၉ သန်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းသုံး စာအုပ်အမှာစောင်ရေ ၃၅ ဒသမ ဝ၂၅ သန်းအား ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

မှတ်တမ်းစာအုပ်များအနေဖြင့် ရခိုင်ပြည်နယ်၏ တစ်နှစ်တာကာလအတွင်း ဖွံ့ ဖြိုး တိုးတက်မှု မှတ်တမ်းစာအုပ်၊ ရခိုင်ပြည်နယ် အကြံ ပြုချက်ပထမအကြိမ် ပြည်သူသို့ အစီရင်ခံစာ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ (ပထမအကြိမ်) မှတ်တမ်းစာအုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ (ဒုတိယအကြိမ်) မှတ်တမ်းစာအုပ်၊ မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မှတ်တမ်းစာအုပ်၊ ပြည်သူ့အတွက် ပထမရက်တစ်ရာစာအုပ်၊ ပြည်သူ့ အတွက် ပထမတစ်နှစ်တာ မှတ်တမ်းစာအုပ်၊ ပြည်သူ့ အတွက် ဒုတိယ မှတ်တမ်းစာအုပ်၊ လူငယ် ဘက်စုံ ဖွံ့ ဖြိုးရေး ပွဲတော်မှတ်တမ်း စာအုပ်၊ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန ညီလာခံမှတ်တမ်းစာအုပ်၊ NCA လက်မှတ် ရေးထိုးပွဲမှတ်တမ်းတို့အား ပုံနှိပ်ပေးခြင်းဖြင့် နိုင်ငံ့ တာဝန်များကို ကျရာကဏ္ဍမှ ထမ်းဆောင်ပေး လျက်ရှိပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များအား အချိန်မီ ပုံနှိပ်ပြီးစီးခြင်း ဖြင့် တစ်နိုင်ငံလုံးအတွက် ဆန ́မဲများကို ရိုက်နှိပ်ပေးနိုင်ခဲ့သည်။

 

ဆက်လက်ရှေ့ဆက်မည့် စွယ်စုံကျမ်းနှင့် ဂန္ထဝင်စာတွဲများ

 

မြန်မာ့စွယ်စုံကျမ်းပြန်လည်ထုတ်ဝေရေး လုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်သဖြင့် အက္ခရာ စဉ် စနစ်အရ “က” တည်ပုဒ်ပြီး လျှင် “ခ” တည်ပုဒ် ၊ “ခ” တည်ပုဒ်ပြီးလျှင် “ဂ” တည်ပုဒ် အစရှိသည်ဖြင့် “အ” အက္ခရာတည်ပုဒ် အထိ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်း များလည်း ဖြစ်ပါသည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁ ကို အချောသပ်ဆောင်ရွက်လျက်ရှိပြီး မကြာမီ တင့်တယ်ခမ်းနားသည့် စွယ်စုံကျမ်း၏ ပထမဆုံး အတွဲကို စာဖတ်သူလက်ထဲသို့ အရောက်ပေးပို့နိုင် တော့မည်ဖြစ်ကြောင်း သိရပြီး စာတည်းအဖွဲ့မှလည်း အချိန်မီအမှားအယွင်းမရှိ ပြီးစီးနိုင်စေရန် ကြိုးပမ်းလျက်ရှိနေသည်။

 

ထို့အတူ မြန်မာဂန္ထဝင်အတွဲ (၁၀ဝ) စာစဉ် လုပ်ငန်းများကိုလည်း ဘာသာရပ်အလိုက် ဝတ္ထု ရှည်၊ ဝတ္ထုတို၊ ကဗျာ အစရှိသဖြင့် စာစဉ်အတွဲ (၁၀ဝ) ပြည့်မြောက် အောင်မြင်သည်အထိ ကြိုးစား ဖော်ဆောင်မည်ဖြစ်ပါသည်။

 

စာပေကဏ္ဍမြင့်မားတိုးတက်ရေး သန္နိဋ္ဌာန်ထားရှိ

 

စာအုပ်တစ်အုပ်ချင်းကို ဖတ်ရှုသည့် အချိန်သည် နေ့စဉ်လူမှုဘဝများအကြား လှုပ်ရှားရုန်းကန် နေကြရသူတို့အတွက် ခက်ခဲကြန့်ကြာနိုင်သဖြင့် ပြည်သူများ၏ အသိဉာဏ်ပညာများ ကြွယ်ဝစေရန်နှင့် စာပေသုတရသများ ပိုမိုသိရှိ ခံစားစေရန် ရည်ရွယ်၍ စာတမ်းဖတ်ပွဲများနှင့် စာပေဆွေးနွေးပွဲများကိုလည်း အစိုးရသစ် လက်ထက်နောက်ပိ်ုင်းတွင် ပိုမိုတိုးချဲ့ ပြုလုပ်လျက်ရှိသည်ကိုမြင်တွေ့ရသည်။ ခေတ်ပြိုင်စာပေ အကြောင်းအရာ ပေါ်ပေါက်လာချက်များအရ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲများ ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

 

လာမည့်နှစ်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်နေ

 

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ထုတ် စာအုပ်စာစောင်များ၊ အချိန်နှင့်တစ်ပြေးညီပုံနှိပ်ထုတ်လုပ်ခြင်း၊ အခြားအစိုးရဌာနများနှင့် ပုဂ္ဂလိကတို့က အပ်နှံသော လုပ်ငန်းများကို အရည်အသွေးကောင်းမွန်စွာ ပုံနှိပ်ခြင်း၊ နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် အခမ်းအနားများ၏ မှတ်တမ်း စာအုပ်များကို ပုံနှိပ်ထုတ်လုပ်ခြင်း စသည့်ပုံနှိပ်လုပ်ငန်းများ အပြင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲများအတွက် မဲလက်မှတ်များရိုက်နှိပ်ခြင်း၊ ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲအတွက် မဲလက်မှတ်များ ရိုက်နှိပ်ခြင်းများကို လုံခြုံမှုရှိစွာ ဖြင့် အချိန်မီပုံနှိပ်ပေးခြင်း၊ ပညာရေးဝန်ကြီး ဌာန၏ ကြိုတင်ညှိနှိုင်းချက်အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံး ဖတ်စာအုပ် အမှာ စောင်ရေသန်း ၄၀ ခန့် ပုံနှိပ်ထုတ်လုပ်ခြင်း တို့ကို လာမည့်နှစ်အတွင်း ကြိုးပမ်းဆောင်ရွက် ခြင်းဖြင့် နိုင်ငံနှင့် ပြည်သူအတွက် ဝန်ဆောင် မှုများ ပေးအပ်သွားမည်ဖြစ်သည်။

 

ပြာရောင်တံဆိပ်ကပ်အဆောက်အအုံကြီးဆက်လက်ရှင်သန်

 

လွန်ခဲ့သည့်နှစ်ပေါင်း ၁၃၀ ခန့်က ရန်ကုန် ဗဟိုအကျဉ်းထောင်အဖြစ် တည်ဆောက်ထားခဲ့ပြီး အစိုးရ ပုံနှိပ်တိုက်အဖြစ်လည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအဖြစ် လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ တာဝန် ပေးအပ်ခြင်းခံရသည့် သမိုင်းဝင်အဆောက်အအုံ ကြီးသည် ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခုအဖြစ် အပြာရောင်ကမ္ပည်း တပ်ဆင်ခတ်နှိပ်ခြင်းကို လည်း ဂုဏ်ယူစွာ လက်ခံရရှိထားပြီး ဖြစ်ပါသည်။

 

တစ်ချိန်က တံခါးအထပ်ထပ်ဖြင့် တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည့် သိမ်ဖြူလမ်းမကြီးကို မေးတင်ထား သည့် ဂန္ထဝင်အဆောက်အအုံကြီးသည် ယခုအခါ စာပေချစ်သူများ၏အသံများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်အရောင်းပွဲတော်များနှင့် စာတမ်းဖတ်ပွဲများ ကျင်းပလာနိုင်ခြင်းကြောင့် စာပေ အိုအေစစ်သဖွယ် ခံ့ညားစွာ ပြန်လည် အသက်ဝင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြန်ကြား ရေးဝန်ကြီးဌာန၏ ပင်မဒေါက်တိုင်ကြီးများ အနက် တစ်ခုဖြစ်သည့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် အနာဂတ် လူသား အရင်းအမြစ်များ အတွက် သမိုင်းအချက်အလက်များ စုစည်းပေးရာ၊ စာပေဂုဏ်ကို မြှင့်တင်ပေးရာ၊ အရေးပါ သည့် စာရွက်စာတမ်းများအား ပုံနှိပ်ဖြန့်ချိပေးရာ ဌာနကြီးတစ်ခုအဖြစ် ဂုဏ်ယူစွာဖြင့် အနာဂတ် နေ့ရက်များ ဆီသို့ ဖြတ်သန်းသွားမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။