ရန်ကင်း ၃ အောက်တိုဘာ
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ကုတင်(၅၀ဝ)မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ အထူးကုဆရာဝန်ကြီးများဦးဆောင်၍ ရန်ကင်းမြို့နယ်အတွင်းနေထိုင်သော ရဟန်းရှင်၊ လူ၊ ပြည်သူများအား အခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းစေတီတော်ဝင်းအတွင်းရှိ အရိယာဓမ္မရုံကြီး၌ ယနေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်ထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရဟန်းရှင်၊ လူ၊ ပြည်သူများအား ဆေးမှတ်ပုံတင်ပေးခြင်း၊ ဆေးကုသ ပေးခြင်း၊ ခွဲစိတ်ပေးခြင်း၊ မျက်စိစစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ သားဖွားမီးယပ် ပညာပေးခြင်း၊ သွားများစစ်ဆေးပေးခြင်း၊ ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ ကုသပေးခြင်းနှင့် လိုအပ်သောဆေးဝါးများပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ကြက်သား၊ ကြက်ဉ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေစေရန် လျော့ဈေးများဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)


