အမရပူရမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

အမရပူရ ၁၆ ဒီဇင်ဘာ 

 

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ ရွာလယ်ဓမ္မရုံတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 
ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းဖြိုး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့်နှင့် တောင်သူ ဦးရဲနိုင်တို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသော ကျေးရွာသူကျေးရွာသားများက သိရှိလိုသည်များ မေးမြန်းမှုကို ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားသည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တမုတ်ဆိုး၊ မင်းတဲကုန်း၊ မင်းစု၊ ဆောက်တောဝနှင့် ဒေါင်းရွေး ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)