အမရပူရ​မြို့အဝင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် တံတားဦးလေဆိပ်အဝင်လမ်းမကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေး      အောက်တိုဘာ      

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအနီး မိုင်တိုင် ၃၆၅ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပစေရေးနှင့် တံတားဦးလေဆိပ်အဝင်လမ်းမကြီး ဘေးဝဲယာသန့်ရှင်းရေးအတွက် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက အမရပူရမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စုပေါင်းသန့်ရှင်းရေးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ စုစုပေါင်း ၁၅၃ ဦးတို့က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)