အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူ

နေပြည်တော်   ၂၉   ဖေဖော်ဝါရီ

           

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၅ နာရီမှ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ယာဉ်စည်းကမ်း စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၅ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၆ စီး၊ ပန်းတင်မောင်းတံတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး၊ စုစုပေါင်း ၂၂ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား