အမျိုးသမီးဦးနှောက်က အမျိုးသားဦးနှောက်ထက် နုပျိုကြောင်း တွေ့ရှိ

၅ ဖေဖော်ဝါရီ

အမျိုးသမီးများက အမျိုးသားများထက် အသက်ရှည်ရှည်နေထိုင်နိုင်သလို စိတ်ပိုင်းဆိုင်ရာမှာလည်း ကျန်းမာကြောင်း လေ့လာတွေ့ရှိချက် အသစ်ကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

သုတေသနအတွက် အမျိုးသမီး ၁၂၁ ဦး နဲ့ အမျိုးသား ၈၄ ဦးတို့ပါဝင်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများကို တိုင်းတာဖို့အတွက် PET စကင်ရိုက်ခဲ့ကြပါတယ်။ အဲဒီလို စကင်ရိုက်ခြင်းအားဖြင့် ဦးနှောက်အတွင်းမှာ အောက်စီဂျင်နဲ့ ဂလူးကို့စ်  စီးဆင်းမှုကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် အသက် ၂၀ ကနေ - ၈၀ အထိပါဝင်ကြတာကိုတွေ့ရပြီး အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အမျိုးသားတွေထက် ၃.၈ နှစ် နုပျိုကြောင်း တွေ့ရပါတယ်။ အမျိုးသားတွေရဲ့ ဦးနှောက်က အသက်ကြီးလွယ်တာ မဟုတ်ဘဲ သူတို့က အမျိုးသမီးတွေထက် ၃ နှစ်စောပြီး အရွယ်ရောက်တာသာဖြစ်တယ်လို့ ဝါရှင်တန်ဆေးတက္ကသိုလ်က ဓါတ်ရောင်ခြည် ပညာရှင်က ပြောပါတယ်။

ဟိုမုန်းက ငယ်ရွယ်စဉ်မှာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို လုပ်ဆောင်ခဲ့တယ်။ အမျိုးသမီးတွေက ရာသီစက်ဝိုင်းအတွင်းမှာရှိနေတဲ့အတွက် အမျိုးသားများထက်ပိုပြီး ငယ်ရွယ်နုပျိုနေတယ်လို့ သီအိုရီတစ်ခုက ပြောထားပါတယ်။

MDN
ကိုးကား - AFP