အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု  လူထုလမ်းလျှောက်ပွဲ ကျင်းပ

နေပြည်တော်  ၂၄  နိုဝင်ဘာ

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့ ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ကာ နေပြည်တော် ပရဆေးဥယျာဉ်မှ ရေပန်းဥယျာဉ် ဂိတ်အမှတ်(၃)အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေပန်းဥယျာဉ်ရှေ့တွင် ကျန်းမာရေးသရုပ်ပြကကွက်များဖြင့် ပျော်ရွှင်စွာပါဝင် ဆင်နွဲခဲ့ကြသည်။

 

အဆိုပါလမ်းလျှောက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးများ အရေးကို တက်ကြွစွာ ဆောင်ရွက်နေကြသော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ပြည်သူလူထု စုစုပေါင်းလူဦးရေ (၆၀ဝ) ခန့်ပါဝင်ပြီး အားကစား လှုပ်ရှားမှုများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း  သတင်းရရှိသည်။

 

MDN

 

DSC_98