အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင်  ၂၆

 

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) (မူကြမ်း) ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ရေးဆွဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ကို ရေးဆွဲနိုင် ရေးအတွက် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ(၁၂)ခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း ယန္တရားများ (ပထမမူကြမ်း)နှင့် ပတ်သက်ပြီး လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ညွှန်းကိန်း များတွင် ကြုံတွေ့ရနိုင်ဖွယ်ရှိသော အခက်အခဲများကိုလည်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ ကော်မတီအဖွဲ့ဝင် များအနေဖြင့် NSPAW Phase II ရေးဆွဲနိုင်ရန် လိုအပ်သည့် အချက်အလက်များကို အကြံပြုဆွေးနွေးပေး ကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် NSPAW Phase II အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များ တွင်လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးကြရန် ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက  အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ မူဘောင်(မူကြမ်း)  ရေးဆွဲထားမှုအပေါ် ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)