အမျိုးသမီးများ အကြမ်းဖက်ခုခံကာကွယ်ရေး  အခြေခံသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်   ၈  ဧပြီ

 

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် မြန်မာအမျိုးသမီးများ အကြမ်းဖက်ခုခံကာကွယ်ရေး အခြေခံသင်တန်း ဆင်းပွဲကို  ဧပြီ ၇ ရက် ညနေ(၄)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းရှိ မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ် လေ့ကျင့်ရေးရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံကမ်ပို အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်သူ၊ ဂျပန်နည်းပြချုပ် MR. YAMA GUSHI  နှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

1

           

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ်မှ ဂျပန်နည်းပြချုပ် MR. YAMA GUSHI တို့က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြကစားခဲ့ကြသည်။

           

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

           

1

 

အဆိုပါသင်တန်းကို မြန်မာအမျိုးသမီးများ တစ်ဦးတည်းသွားလာနေသူများ၊ ညဉ့်နက်မိုးချုပ် သွားလာနေရသူများ၊ လူပြတ်သည့်နေရာများသို့ သွားလာနေသူများ၊ တိုင်းတစ်ပါးသို့ ပညာသင် သွားရောက် နေသူအမျိုးသမီးများ အကြမ်းဖက် ခုခံကာကွယ်နိုင်ရန် ရည်ရွယ်၍ ဧပြီလ(၁)ရက်နေ့မှ (၇)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ(၂၀)  တက်ရောက် သင်ကြားခဲ့ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN

 

1