အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ ကျင်းပ     

ရန်ကုန် ၆ မတ်

 

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း အဖွဲ့ချုပ် ရုံး၌ ကျင်းပသည်။

 

“အမျိုးသား တံခွန်စိုက်ပြိုင်ပွဲဆိုတာ ပထမအဆင့်‌၊ ဒုတိယအဆင့် လက်ရည်‌အောင်တဲ့ ကစားသမား ၁၂‌ ယောက်နဲ့ မနှစ်က နေရှင်နယ်က ထိပ်ဆုံး‌လေးဦး စုစု‌ပေါင်း ၁၆ ‌ယောက် ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောသည်။

 

ယင်းပြိုင်ပွဲမှ ကစားသမားရှစ်ဦးကို ရွေးချယ်ပြီး ယခုနှစ်တွင် လက်ရည်စစ် ပြန်လည်‌ရွေးချယ်ခြင်း၊ ချန်ပီယံ‌ရွေးချယ်ခြင်း၊ နိုင်ငံတကာပြိုင်ပွဲ‌ စေလွတ်နိုင်ရန် အဆိုပါပြိုင်ပွဲမှ ဆုံးဖြတ်သွားမည်ဖြစ်‌ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် ပတ်လည်အမှတ်ပေးစနစ်ဖြင့် ကစားသွားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို မတ် ၁၆ ရက်အထိ ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး

mdn