အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရေဘေးသင့် ပြည်သူများအတွက် အလှူ ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ၂  သြဂုတ် 

 

မြန်မာနိုင်ငံအတွင်း ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

 

ရေဘေးသင့်ပြည်သူများအတွက် အမျိ်ုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၂၃) ဦး၏ တစ်ရက်စာ နေ့တွက်စရိတ် လှူဒါန်း ငွေ ကျပ် ၄၄ သိန်း ၄ သောင်းကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ ဒုတိယဥက္ကဋ္ဌ  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လက်ခံရယူသည်။

 

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးအေးသာအောင်၊ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ 

 

(သတင်းစဉ်)