အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျပန်-မြန်မာ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး မစ္စတာခိုဇိုယာမာမိုတိုအား လက်ခံတွေ့ဆုံ

နေပြည်တော် ၂ သြဂုတ်

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး မစ္စတာ ခိုဇိုယာမာမိုတိုနှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)