အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျပန်-မဲခေါင် လွှတ်တော်အသင်းဥက္ကဋ္ဌ H. E. Mr. Ryu Shionoya နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၅ ဇူလိုင်

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျပန်နိုင်ငံ၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဟောင်းနှင့် ဂျပန်-မဲခေါင် လွှတ်တော်အသင်းဥက္ကဋ္ဌ H. E. Mr. Ryu Shionoya နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

 

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစွာ ဆက်ဆံရေး၊ လွှတ်တော်များဖွဲ့စည်းမှု၊ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

 

(သတင်းစဉ်)