အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ၁၃ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၏ မိတ်ဆွေ(၁)ဦးနှင့် မြန်မာနိုင်ငံကလျာဏယုဝ ခရစ်ယာန်အသင်းများ၏ အမျိုးသားကောင်စီ (National Council of YMCAs of Myanmar)မှ ဖွင့်လှစ်သော နိုင်ငံသားပညာရေး ဆင့်ပွားပညာပေးသင်တန်း တက်ရောက်ခဲ့ပြီးသော ရန်ကုန်၊ မအူပင်၊ မုံရွာ၊ တောင်ကြီး၊ လားရှိုးမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူ တာဝန်ရှိ ဝန်ထမ်းများ စုစုပေါင်း (၁၄၀) ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြကြောင်း သိရသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်း ဧည့်သည် (၂၂၄၆၅)ဦးနှင့် ပြည်ပဧည့်သည် (၂၃၀၃)ဦးရှိကြောင်း၊ လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံလိပ်မူ၍ သုံးရက်ကြိုတင်ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်