အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်   ၂၀  နိုဝင်ဘာ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိသည့် စာရင်းစစ်-၁ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၅ မှ သင်တန်းအုပ်ချုပ်သူနှင့် သင်တန်းသား/သူများ စုစုပေါင်း ၁၂၆ ဦးတို့သည် လည်းကောင်း၊ ပြည်မြို့ EUPHRASIE ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူ စုစုပေါင်း ၄၅ ဦးတို့သည် လည်းကောင်း အမျိုးသားလွှတ်တော် အဆောက်အဉီကို လာရောက် လေ့လာကြကြောင်း သိရသည်။    

 

001

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်သည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၂၁၃၄၅)ဦးနှင့် ပြည်ပဧည့်သည်(၂၂၁၉) ဦးရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်