အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ၅ နိုဝင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ပဉ္စမအကြိမ် လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေးသင်တန်းမှ သင်တန်းသား/ သင်တန်းသူများနှင့် ကြီးကြပ်သူများ အပါအဝင် (၃၂) ဦးတို့သည် အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေမှုကို တက်ရောက်လေ့လာကြသည်။

မွန်းလွဲပိုင်းတွင် Oriental Reisen Co., Ltd ၏ စီစဉ်မှုဖြင့် ဂျာမနီနိုင်ငံသား ဧည့်သည်(၂)ဦးတို့သည် အမျိုးသားလွှတ်တော် အဆောက်အဉီများကို လာရောက်လေ့လာကြသည်။          

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပချိန်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ ပြည်တွင်းဧည့်သည် (၂၁၁၀၇)ဦးနှင့် ပြည်ပဧည့်သည် (၂၂၀၅)ဦးတို့ လာရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်