အမှိုက်စနစ်တကျ စွန့်ပစ်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရေရှည်တည်တံ့သော ရေသယံဇတ ထုတ်ယူသုံးစွဲရေးနှင့် ပုလောချောင်းထဲသို့ အမှိုက်မစွန့်ပစ်ကြစေရေး လူထု ပူးပေါင်းပါဝင်မှု အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်က ပုလောမြို့ ကမ်းရိုးတန်း ရတနာခန်းမ၌  ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက အဖွင့်အမှာစကား ပြောကြား ပြီး  ဦးသိန်းမိုး (ဒို့ချောင်း၊ ဒို့သောင်၊ ပုလော ရှပ်ကောက်သူများ အသင်းတာဝန်ခံ) က ပုလောမြို့ သန့်ရှင်း သာယာရေး လုပ်ငန်းစဉ်များ၊ လူထုလုပ်ရှားမှု အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဦးကျော်မင်းက ရေရှည်တည်တံ့သော ရေသယံဇာတ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက ပုလောချောင်းထဲသို့ အမှိုက် များ မစွန့်ပစ်ကြစေရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက အုပ်စုဖွဲ့၍ ဆွေးနွေး၊ တင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

ထူးဝေယံ(ပြန်/ဆက်)