အမီတာဘဂျမ်း၏ တွစ်တာအကောင့် အခိုးခံရ

၁၁ ဇွန်

 

ရှာဟစ်ကာပူးရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို ဟတ်ကာသမားများက ခိုးယူခဲ့ပြီးနောက် နောက်ထပ်ပစ်မှတ်တစ်ခုက ဘောလိဝုဒ် မင်းသားကြီးအမီတာဘဂျမ်းရဲ့အကောင့်ဟာ ဟက်ကာသမားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။

 


အမီတာဘဂျမ်းရဲ့ တွစ်တာအကောင့်မှာ ပုံမှန်မဟုတ်တဲ့စာသားတွေ တင်ထားကိုတွေ့ရတဲ့အခါ သူ့ရဲ့ပရိတ်သတ်တွေနဲ့ အကောင့်ကို ဖော်လိုလုပ်ထားသူတွေ အားလုံးအင့်အားသင့်ကုန်ပါတယ်။ တွစ်တာကောင့်မှာ တင်ထားတဲ့ပုံကလည်း ပါကစ္စတန်ဝန်ကြီးချုပ်ပုံ ပြောင်းသွားပြီး ပါကစ္စတန်နဲ့ပတ်သက်တဲ့စာသားတွေ တင်ထားတာကိုတွေ့ရတယ်။ အဲဒီလို ဖြစ်သွားတဲ့အတွက် အမီတာဘဂျမ်းကိုယ်တိုင်ရော သူ့ပရိတ်သတ်အားလုံးပါ စိုးရိမ်ခဲ့ရပါတယ်။ 

 


ဒါပေမယ့်နောက်ပိုင်းမှာတော့ အမီတာဘဂျမ်းရဲ့ အဖွဲ့သားတွေဟာ သူ့ရဲ့အကောင့်ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ နောက်ပြီးတွစ်တာ အသုံးပြုသူတွေထံ နိုင်ငံအချို့ကြားမှာ အပြည်ပြည်ဆိုင်ရာ စစ်ပွဲတွေဖြစ်နေပြီလို့ သတိပေးထားတဲ့စာတွေ အမီတာဘဂျမ်းရဲ့ အကောင့်ကနေ ရောက်လာတော့ အသုံးပြုသူတွေလည်း ထိတ်လန့်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း အမီတာဘဂျမ်းရဲ့သားဖြစ်သူ အဘီရှက်ဘဂျမ်းရဲ့ တွစ်တာအကောင့်လည်း ဟက်ကာသမားတွေရဲ့ လက်ထဲရောက်သွားပြီး ဆီးရီးယားစစ်ပွဲအကြောင်းအရာတွေ  ဖြန့်ဝေတာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ 

 

ခြူးစန္ဒီနွေး
ဘောလိဝုဒ်လိုက်ဖ် ဒေါ့ကွန်း