အမွှေးတိုင်မီးပူဇော်ရာမှ တစ်ဆင့်နေအိမ် မီးလောင်မှု ကန်ကြီးထောင့်တွင် ဖြစ်ပွား

ကန်ကြီးထောင့်   ၆   မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ဘောလုံးကွင်းလမ်းနေ ဦးသိန်းအောင်၏ သွပ်မိုး ဓနိကာ ဝါးကြမ်းခင်းနေအိမ်၌ မတ် ၆ ရက် နံနက် ၈ နာရီ ၅၅ မိနစ်က ဘုရားစင်တွင် အမွှေးတိုင်ပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီး ဦးမျိုးမြင့်စိုးဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၉ နာရီခန့်တွင် မီးငြှိမ်းသွားခဲ့သည်။

 

မီးလောင်မှုနှင့် ပက်သက်၍ ကန်ကြီးထောင့်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နန်းထိုက် (KGD)