အမေရိကန်တွင် ဒရုန်းဖြင့် ပထမဆုံးသတင်းရယူခွင့် CNN ရရှိ

ဝါရှင်တန် ၂၃ အောက်တိုဘာ


အမေရိကန် လေကြောင်း ဦးစီးဌာနမှ CNN သတင်းဌာနအား မြေပြင် ပိတ်ဆို့မှုများနှင့် ရိုက်ကူးရန် ခက်ခဲသော နေရာများအား ဒရုန်းများဖြင့် သတင်းရိုက်ကူးမှု ပြုလုပ်နိုင်ရန် မကြာသေးမီက ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။


သတင်းရိုက်ကူးမှုများတွင် အသုံးပြုရန်အတွက် ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းနှင့် CNN တို့ ပူးပေါင်းကာ နှစ်နှစ်ခန့် ကြိုးစားဖန်တီးခဲ့ကြပြီး ယခင်နှစ်က ကြိုးဖြင့် ချိတ်ဆက်ထားသည့် ဒရုန်းဖြင့်သာ သတင်းရယူခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကြိုးမဲ့စနစ်ဖြင့် လွတ်လပ်စွာ ပျံသန်း ရိုက်ကူးနိုင်မည်ဖြစ်ကာ ပထမဆုံး ခွင့်ပြုချက် ရရှိခဲ့သော သတင်းဌာနမှာ CNN ဖြစ်လာခဲ့သည်။


CNN မှ Vantage Robotics Snap Drone အမျိုးအစားများဖြင့် သတင်းဗီဒီယိုများကို ရိုက်ကူးတင်ဆက် ပေးသွားတော့မည်ဖြစ်ပြီး နောင်ကာလများတွင်လည်း အမေရိကန် လေကြောင်းဦးစီးဌာနမှ အခြားသတင်းဌာနများကိုပါ တတ်နိုင်သလောက်ခွင့်ပြုမှု ထပ်မံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


Alex