အမေရိကန်သမ္မတထရမ့် ၎င်း၏သက်တမ်းပြီးဆုံးသွားပြီဟု အသိအမှတ်ပြု ချောမွေ့စွာ အာဏာလွှဲပြောင်းပေးရေးအတွက် ကတိပြုပြောကြား

ဝါရှင်တန် ဇန်နဝါရီ ၈

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက အမေရိကန်လွှတ်တော်အတွင်းသို့ ချိုးဖောက်ဝင်ရောက်ပြီး နောက်ပိုင်းတွင် သမ္မတထရမ့်က ၎င်း၏သမ္မတသက်တမ်းမှာ ပြီးဆုံးသွားပြီဟု အသိအမှတ်ပြုပေးခဲ့ပြီး ဂျိုးဘိုင်ဒင်ထံ အဆင်ပြေချောမွေ့စွာ အာဏာလွှဲပြောင်းပေးရေးအတွက် ကတိပြုပြောကြားခဲ့သည်။

လွှတ်တော်အဆောက်အအုံအတွင်းသို့ ချိုးဖောက် ဝင်ရောက်မှုအပြီးတွင် ထရမ့်အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးမှာ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ လွှတ်တော် အဆောက်အအုံအတွင်း ချိုးဖောက်ဝင်ရောက်ကာ ၎င်း၏ အမည်ဆိုးရွားစေခဲ့သည့် အဓိကရုဏ်းတွင် ပါဝင်ခဲ့ကြသူများ ကိုလည်း ထရမ့်က ရှုတ်ချခဲ့သည်။

ယခုအချိန်သည် ပြန်လည်ကုစားရမည့် အချိန်နှင့် ပြန်လည်သင့်မြတ်ရမည့်အချိန်ဟု ထရမ့်က ပြောကြားခဲ့ သည်။ ဇန်နဝါရီ ၂၀ ရက်တွင် အစိုးရအဖွဲ့သစ် ရာထူး အပ်နှင်းမည်ဖြစ်သည်။ ယခုအချိန်တွင် ထရမ့်မှာ အာဏာ လွှဲပြောင်းရေးတွင် အစီအစဉ်တကျ ချောမွေ့စွာပြုလုပ်နိုင် ရေးအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခံရခြင်းကို ဘဝ တစ်လျှောက်လုံး ဂုဏ်ယူနေမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ လွှတ်တော်မှ ဒီမိုကရက်တစ် အမတ်နှစ်ဦးမှာ ထရမ့်ကို ဖယ်ရှားပေးရေးအတွက် တိုက်တွန်းပြီး နောက် ယခုလို မမျှော်လင့်ဘဲ ပြောင်းလဲမှု ပေါ်ပေါက်လာ ရခြင်းဖြစ်သည်။

အေအက်ဖ်ပီ