အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား ကိုဗစ် - ၁၉ ကူးစက်ခံရ

ဝါရှင်တန် မတ် ၁၅

 

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ၎င်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံထားရကြောင်း မတ် ၁၃ ရက်က အတည်ပြုပြောကြားခဲ့သည်။ ရက်အနည်းငယ်ကြာ အသံဝင်နေသော်လည်း ကျန်းမာရေး ကောင်းမွန်နေဆဲဖြစ်သည်ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

၎င်းနှင့် ၎င်း၏ဇနီးသည် မီရှဲအိုဘားမားတို့မှာ ကာကွယ်ဆေး အပြည့်ထိုးထားရုံသာမက အပိုဆောင်း ကာကွယ်ဆေးပါ ထိုးထားပြီးဖြစ်ကြောင်းနှင့် ဇနီးသည်တွင် ကိုဗစ် -၁၉ ကူးစက်ခံထားရခြင်းမရှိကြောင်း အိုဘားမားက ပြောသည်။

 

ရောဂါကူးစက်မှုများ ကျဆင်းလာလျှင်ပင် ကာကွယ်ဆေး မထိုးရသေးသူများ ကာကွယ်ဆေးထိုးရန် လိုအပ်သည်ဟု အိုဘားမားက ပြောသည်။ အိုဘားမားမှာ အသက် ၆၀ ရှိပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အမေရိကန်၏ ၄၄ ဆက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူပေါင်း ၉ သန်းရှိပြီး မတ် ၁၃ ရက် မွန်းလွဲပိုင်း အထိ ကိုဗစ် - ၁၉ နှင့်ဆက်စပ်၍ သေဆုံးသူပေါင်းမှာ ၉၆၇၀၀၀ ရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ တွက်ချက်မှုများအရ သိရသည်။

 

ဆင်ဟွာ