အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား အမှုမှ တရားသေလွှတ်

၆ ဖေဖော်ဝါရီ

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား စွပ်စွဲပြစ်တင်ခဲ့သည့် တရားစွဲဆိုမှုအတွက် စွပ်စွဲချက်များအားလုံးမှ ထရမ့်အား တရားသေလွှတ်ပေးလိုက်သည်။ 

 

၎င်းသည် အမေရိကန်သမိုင်းတွင် တတိယအကြိမ် အမှုရင်ဆိုင်ရခြင်းဖြစ်သည်။

 

ယနေ့ပေါ်ထွက်လာသည့် ရလဒ်မှာ အကြီးအကျယ် မျှော်လင့်ထားသည့်အတိုင်း ရီပတ်ဘလီကန်များထိန်းချုပ်ထားသည့် အထက်လွှတ်တော်အမတ်များအတွက် ခွဲခြားထားသည့် လွှတ်တော်တွင် ပါတီများက  မဲပေးခဲ့ကြသည်။

 

T2

 

ထရမ့်၏ အမှုကို စွပ်ချက်တင်ရာတွင် နိုင်ငံရေးအမြတ်ထုတ်မှုများနှင့်ပတ်သက်ပြီး ယူကရိန်းနိုင်ငံအပေါ် ဖိအားပေးခဲ့ခြင်းနှင့် လွှတ်တော်အား ပိတ်ဆို့ခြင်းတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

 

စွပ်စွဲပြစ်တင်ခံရမှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား သမ္မတရာထူးမှ ဖယ်ရှားနိုင်ခြင်းမရှိခဲ့ပေ။ 

 

အထက်လွှတ်တော်၏ သုံးပုံနှစ်ပုံမှာ အမတ်အများစုမှာ အပြစ်ပေးရန်လိုအပ်ကြောင်းနှင့် ယနေ့ပြုလုပ်ခဲ့သည့် ဆန္ဒမဲများမှာ အလွဲသုံးစားပြုလုပ်ခြင်းနှင့် လွှတ်တော်ကို အဟန့်အတားဖြစ်စေမည့် အနိမ့်ဆုံး အဆင့် သတ်မှတ်ချက်များ ဖြစ်သည်ဟု ဆိုသည်။ 

 

T3

 

ပြီးခဲ့သည့်အပတ်က ဆီးနိတ်သည် ဒီမိုကရက်တစ်ပါတီမှ မျက်မြင်သက်သေအသစ်များကို ဆင့်ခေါ်ရန် တောင်းဆိုမှုကို ပယ်ချခဲ့သည်။

 

အမျိုးသားလုံခြုံရေးအကြံပေးဟောင်းဖြစ်သူ ဂျွန်ဘော်လ်တန်တွင် ထရမ့်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များရှိကြောင်း မီဒီယာများက ပြောကြားခဲ့သော်လည်း ၎င်းကို သက်သေအဖြစ် ခေါ်ယူခြင်းမရှိခဲ့ပေ။ 

 

နိုဝင်ဘာလတွင် ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုပြုလုပ်စဉ်တွင် ထရမ့်သည် ၎င်းတွင် အပြစ်ကင်းစင်ကြောင်း ကြေညာခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်