အမေရိကန်ပြည်ထောင်စု ဝေါလ်မတ်စတိုးဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

၇ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စု နယူးအော်လန်းစ်မြို့ရှိ ဝေါလ်မတ်ဆိုင်တွင် ယမန်နေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွား ခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Louisiana ပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အမျိုးသားတစ်ဦးသည် ဝေါလ်မတ်ဆိုင်ကို လမ်းလျှောက်လာပြီး အကြိမ်များစွာ ပစ်ခတ်ခဲ့သဖြင့် နှစ်ဦး ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့သည်ဟု နယူးအော်လန်းစ်မြို့ ရဲချုပ် ရှောင်ဖာဂူဆန်၏ ပြောကြားချက်ကို ဒေသန္တရမီဒီယာ က ကိုးကားဖော်ပြထားသည်။

 

ယင်းပစ်ခတ်မှုဖြစ်ပွားစဉ်တွင် ထိုစတိုးဆိုင်၌ ဈေးဝယ်သူများ ရာနှင့်ချီ ရှိနေသည် ဟု ဖော်ပြထားသည်။

ဝေါလ်မတ်စတိုးဆိုင်လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ၎င်းသံသယရှိသူသေနတ်သမား ကို ဟန့်တားနိုင်ခဲ့သည်။

 

ထို့နောက် ထိန်းသိမ်းခံသေနတ်သမားကို စုံစမ်းစစ်ဆေးရန် ရဲဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို