အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေဆုံး

၃၁ ဒီဇင်ဘာ

 

အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ် နက်ရှ်ဗီး မြို့တော်တွင် ယမန်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အာဖရိကန် အမေရိကန် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့ပြောကြားချက် ကိုးကားပြီး အမေရိကန်မီဒီယာက ဖော်ပြထားသည်။

 

၎င်းမှာ အသက်၂၂ နှစ်အရွယ် မွန်တီဂရေး ဆိုသူဖြစ်ကြောင်းနှင့် ၎င်းနေထိုင်သည်ဟု ယူဆရသည့် နှစ်ထပ်အဆောက်အဦ၏ အပြင်ဘက်တွင် သေနတ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဂရေးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

ဂရေးကို အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဆေးရုံမှာပင် သေဆုံးသွားသည်ဟု ကြေညာခဲ့သည်။

 

၎င်းတို့၏ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး အထောက်အကူရရှိရန် ရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို