အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ရွေးကောက်ပွဲနေ့တွင် ဆန္ဒပြမှုများမရှိဘဲ ငြိမ်းချမ်းစွာ မဲပေးခဲ့

နယူးယောက်  ၅  နိုဝင်ဘာ

အမေရိကန်ပြည်ထောင်စု၌ သမ္မတရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၃ ရက်တွင် နယူးယောက်မြို့၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း နယူးယောက်မြို့တော်ဝန် ဘီလ်ဒီ ဘလာစီယိုက ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် မဲပေးရာ တွင် ပါဝင်ကြရန်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း ၊အကယ်၍ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိပါက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရန် မြို့တော်ဝန်က နယူးယောက် အသံလွှင့်ဌာန တစ်ခုသို့ ပြောကြားခဲ့သည်။

တိုက်တွန်း ထို့အပြင် နယူးယောက်ရဲဌာန အနေဖြင့် လုံခြုံရေးဆိုင်ရာနှင့် ပတ်သက်၍ အဆင်သင့်ဖြစ်နေစေရန်နှင့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုချင်းစီကို သတိဖြင့် အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၂ ရက်ကတည်းက ရွေးကောက်ပွဲစတင်သည့်နေ့နှင့် ရွေးကောက်ပွဲပြီးဆုံးသည့်အချိန် မြို့တော် ဘေးကင်းလုံခြုံစေရေး အဘက်ဘက်မှ ကြိုးစားဆောင်ရွက်ထားကြောင်း မြို့တော်ဝန် ဒီဘလာစီယိုက ပြောကြားခဲ့သည်။

ကင်းလှည့် နယူးယောက်မြို့တော် ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ရွေးကောက်ပွဲကာလ မြို့တော် လုံခြုံရေးအတွက် ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် ပဋိပက္ခများ မပေါ်ပေါက်စေရန် ရာဇဝတ်မှုကာကွယ်ရေး စေတနာ့ဝန်ထမ်း အဖွဲ့များကလည်း လုံခြုံရေးထိန်းသိမ်းရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ