အမေရိကန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါစည်းမျဉ်းတွေကြောင့် အင်ဒီယန်ဝဲလ်နဲ့ မီယာမီအိုးပင်းတို့ကနေ နုတ်ထွက်ခဲ့ရတဲ့ ဂျိုကိုဗစ်

ဆားဘီးယားတင်းနစ်အကျော်အမော်ဂျိုကိုဗစ်ဟာ အမေရိကန်နိုင်ငံရဲ့ ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းတွေကြောင့် အင်ဒီယန်ဝဲလ်နဲ့ မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွေကနေ  နုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးတာကြောင့် အဲဒီပြိုင်ပွဲတွေ ယှဉ်ပြိုင် ကစားဖို့ အခွင့်အရေးဆုံးရှုံး ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ စည်းမျဉ်းတွေအရ အမေရိကန်နိုင်ငံသား မဟုတ်သူတွေအနေနဲ့ နိုင်ငံအတွင်းမဝင်ရောက်မီ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးဖို့ လိုအပ် နေတာဖြစ်ပါတယ်။

အဲဒီလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးတာကြောင့် ကမ္ဘာ့နံပါတ်တစ် တင်းနစ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုကိုဗစ်ဟာ ယခုနှစ် ဇန်နဝါရီလအတွင်း ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပင်းတင်းနစ် ပြိုင်ပွဲနဲ့ လွဲခဲ့ရပြီး ဖေဖော်ဝါရီလအတွင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲဟာ ဂျိုကိုဗစ်အတွက် ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံးပါဝင်ကစားခွင့်ရရှိခဲ့တဲ့ တင်းနစ်ပြိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဂျိုကိုဗစ် မပါဝင်နိုင်ခဲ့တာကြောင့် ရာဖေးလ်နာဒယ်ဟာ ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းဆလမ်းချန်ပီယံဆုကို (၂၁)ကြိမ်မြောက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်