အမေရိကန်နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၇၀၀၀ ကျော်ရှိ

 

လော့စ်အိန်ဂျလိစ် အောက်တိုဘာ ၂၀

 

အမေရိကန်နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၇၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

အမေရိကန်နိုင်ငံ၌ လက်ရှိအချိန်တွင် ကယ်လီဖိုးနီးယားသည်  မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၅၂၇၈ ဦးဖြင့် ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် နယူးယောက်က ၄၀၃၉ ဦးနှင့် ဖလော်ရီဒါက ၂၆၄၈ ဦးဖြင့် အသီးသီး ကူးစက်ခံထားရကြောင်း  အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

 

အမေရိကန်နိုင်ငံ၌ ယခုနှစ် ဩဂုတ် ၁ ရက်က မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၅၈၃ ဦးရှိခဲ့ရာမှာ အောက်တိုဘာ ၁၂ ရက်တွင် နေ့စဉ်မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၆၃ ဦးအထိ ကျဆင်းလာခဲ့ခြင်းကြောင့် လက်ရှိအနေအထားအရ  မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ဆက်လက်ကျဆင်းမှု ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရသည်။

 

အမေရိကန်နိုင်ငံသည် မျောက်ကျောက်ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားလျက် ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်သည် ၉၈ သန်းကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၉၆ သန်းကျော်ရှိကာ အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း တစ်သန်းကျော် ရှိကြောင်း သိရသည်။  

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်