အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသော ကလေးပေါင်း ၁၂ ဒသမ ၈ သန်းကျော်ရှိ

ဧပြီ   ၇

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားချိန်မှစတင်ကာ ကိုဗစ်ကူးစက်ခံရသော ကလေးပေါင်း ၁၂ ဒသမ ၈ သန်း‌ကျော်ရှိကြောင်း အမေရိကန်ကလေးများဆေးရုံအသင်း၏ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်းတွင် သီတင်းပတ်လေးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၀၀၀၀ ကျော် ရှိလာသည်။ ပြီးခဲ့သည့်စက်တင်ဘာလ ပထမဆုံးသီတင်းပတ်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော ကလေး ၇ ဒသမ ၈ သန်းနီးပါး ထပ်မံတွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအားလုံး၏ ၁၉ ရာခိုင်နှုန်းသည် ကလေးများဖြစ်သည်ဟု ထိုထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိကလေးများ ကိုဗစ်-၁၉ ရောဂါအပတ်စဉ်ကူးစက်မှုသည် ၁၆ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို