အမေရိကန်နိုင်ငံမှာ တစ်ရက်တည်းနဲ့ ဗိုင်းရပ်စ်ပိုးတွေ့သူ ၁ သိန်းနီးပါး ရှိကြောင်း ထုတ်ပြန်

၅ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၁ သိန်း နီးပါး ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၉၉,၆၆၀ ဦးနဲ့ သေဆုံးသူ ၁,၁၁၂ ဦး ရှိကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း  ၉,၈၀၁၃၅၅ ဦး နဲ့  သေဆုံးသူ ၂၃၉,၈၂၉ ဦး ရှိကြောင်း သိရပါတယ်။

 

 

နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ အလယ်-မြောက်ပိုင်းဒေသတွေမှာ အောက်တိုဘာ လလယ် ကစပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ သိသိသာသာ များလာတာကိုတွေ့ရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံရဲ့ စီးပွားရေး အကြပ်အတည်းဖြစ်စေပြီး အလုပ်လက်မဲ့ သန်းချီပြီး များလာကို တွေ့ရပါတယ်။

 

 

နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲအဖြေအတွက် ကြိုတင်မဲ ပေးထားတဲ့ သန်း ၁၀၀ ကျော်သော မဲတွေကို ရေတွက်နေဆဲဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP