အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉ သန်းကျော် ရှိလာ

၃၁ အောက်တိုဘာ

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉ သန်းကျော်ရှိလာကြောင်း သောကြာနေ့ ပိုးတွေ့ရှိသူ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

၂၄ နာရီ အတွင်း သောကြာနေ့ ပိုးတွေ့ရှိသူ ၉၄,၀၀၀ ကျော်ရှိ တဲ့အတွက် မှတ်တမ်းသစ် တင်တဲ့နေ့ပြီးကြောင်း၊ ကြာသပတေးနေ့က ပိုးတွေ့လူနာအရေအတွက် ၉၁,၀၀၀ ထက်များသွားတာကို တွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူစုစုပေါင်း ၉,၀၃၄,၂၉၅ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၂၃၅,၁၅၉ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ရဲ့သောကြာနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP