အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ တစ်သိန်းကျော်သွားကြောင်း သိရ

နယူးယောက်  ၂၈  မေ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ တစ်သိန်းကျော်သွားကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၁၀၀,၃၉၆ ဦးရှိပြီး ရောဂါပိုးကူးစက်ခံရသူ ၁ ဒသမ ၇ သန်းရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မေ ၂၇ မှတ်တမ်းအရ သိရပါတယ်။

 

၂၄ နာရီအတွင်းမှာ သေဆုံးသူမှာ ၁,၄၀၁ဦးသာရှိတဲ့အတွက် သုံးရက်ဆက်တိုက် သေဆုံးအရေအတွက် ကျဆင်းနေတာကို တွေ့ရပါတယ်။

 

အခုလိုအခြေအနေတွေရှိနေပေမယ့် အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ စားသောက်ဆိုင် တွေကို ပြန်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ သမ္မတ ထရန့်က ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရရှိရေးအတွက် ဗိုင်းရပ်စ်ပိုးကြောင့် အထိနာနေတဲ့ အမေရိကန်ရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့ကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်မှာ လာမယ့်သောကြာနေ့မှာ အသွားအလာကန့်သတ်ပိတ်ဆို့မှုကို ရုပ်သိမ်းမယ်လို့ သိရပါတယ်။

 

အမေရိကန်အစိုးရက ပြည်သူတွေကို လူမြင်ကွင်းသွားရင် မျက်နှာဖုံးဝတ်ဆင်ဖို့ အကြံပြုထားပေမယ့် သမ္မတ ဒေါ်နယ်ထရန်ဟာ ပြည်သူလူထုရှေ့ကို သွားရောက်တဲ့အခါ မျက်နှာဖုံးဝတ်ဆင်ခြင်း မရှိတာကြောင့် အကြီးအကျယ် ဝေဖန်မှုတွေလည်း‌ ပေါ်ထွက်နေပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် အမေရိကန်နိုင်ငံသား ၃၉ သန်းနီးပါးဟာ အလုပ်လက်မဲ့တွေ ဖြစ်နေကြောင်း သိရပါတယ်။ ပြည်နယ် ၅၀ လုံးက ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို စတင်ပြီး ရုပ်သိမ်းနေတာကို တွေ့ရပါတယ်။

 

ဖရော်ရီဒါပြည်နယ်ရှိ ကမ္ဘာ့ကြီးဆုံး ဝေါဒစ်နေကိုလည်း ဇူလိုင် ၁၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရပါတယ်။

MDN
ကိုးကား- AFP