အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၉၀,၀၀၀ နီးပါး ရှိကြောင်း ထုတ်ပြန်

၉ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံမှာ သောကြာနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၉၀,၀၀၀ နီးပါး ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

သောကြာနေ့မှာပဲ ကပ်ရောဂါကြောင့် သေဆုံး ၃,၆၇၆ ဦး ရှိကြောင်း နဲ့ ကြာသပတေးနေ့မှာ သေဆုံးသူ ၄,၀၀၀ နီးပါရှိခဲ့ကြောင်း သိရပါတယ်။

 

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် အဆိုးဆုံးခံရတဲ့ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ ၂၁ ဒသမ ၈ သန်း ရှိပြီး သေဆုံးသူစုစုပေါင်း ၃၆၈,၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေရသူ ၁၃၁,၀၀၀ နီးပါးရှိကြောင်း သိရပါတယ်။

 

လူဦးရေ သန်း ၃၃၀ နေထိုင်တဲ့အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၆ သန်းနီးပါး ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP