အမေရိကန်ဆိပ်ကမ်းတွင် ကိုကင်း ၁၅ တန် ဖမ်းဆီးရမိ

၁၉ ဇွန် 


အမေရိကန် အာဏာပိုင်များက ဖီလာဒယ်ဖီရာ ဆိပ်ကမ်း ကုန်တင်သင်္ဘောတစ်စီးမှ ကိုကင်း ၁၅ တန် ဖမ်းဆီးရမိခြင်းသည် အမေရိကန်နိုင်ငံ သမိုင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အကြီးမားဆုံးဖမ်းဆီးရမိမှု တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။


ထိုကုန်တင်သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်း  ၎င်းကိုကင်း ၁၅ တန်ကို တွေ့ရှိခဲ့ကြောင်း ပန်ဆယ်လ်ဗန်နီးယား ( Pennsylvania ) ပြည်နယ် ရှိ ဥပဒေစိုးမိုးရေး အေးဂျင့်များက ယမန်နေ့က ပြောကြားခဲ့သည်။ ယင်းကိုကင်းများ၏ မှောင်ခိုပေါက်ဈေးမှာ ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိသည်ဟု ၎င်းတို့က ဆိုသည်။


ကုန်မှောင်ခို သွင်း ၊ ထုတ်မှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယရှိသူ ထိုကုန်တင်သင်္ဘောသား နှစ်ဦး ကို စုံစမ်းစစ်ဆေးသူများက ဖမ်းဆီးခဲ့ကြသည်။


အဆိုပါ ကုန်တင်သင်္ဘောနောက်ကွယ်တွင် နိုင်ငံတကာ ကုန်မှောင်ခို သွင်း ၊ ထုတ်မှု ရှိနိုင် ဟု ၎င်းက ဆိုသည်။


ယင်းကုန်တင်သင်္ဘောသည် ကိုလံဘီယာနှင့် ပနားမား ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီးနောက် ဖီလာဒယ်ဖီရာ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရ မီဒီယာက ဆိုသည်။


ပြီးခဲ့သည့် မတ်လ က ဖီလာဒယ်ဖီရာ ဆိပ်ကမ်း တွင် ကိုကင်း ၅၃၀ ကျော် ကီလိုဂရမ် ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် -  မြင့်မြင့်ချို